There was an error in this gadget

Sunday, October 31, 2010

ကြံ့ဖွတ် အာဏာ ပိုင်များ တပ်မ (၇၇) ကိုစတင်တိုက်ခိုက်

ကြံ့ဖွတ်အဖွဲ့ မှ သူရဲကောင်း မစုစုနွေအား ရက်စက်စွာတိုတ်ခိုက်နေပုံ (၂၀၀၇ )


သတင်းထူး



တပ်မ (၇၇) လက်အောက်ခံ ပဲခူးတိုင်းအခြေစိုက် ခမရ (၇) တပ်ရင်းမှတပ်ဖွဲဝင် ရဲဘော်များနှင့်

ကြံ့ခိုင်ရေးပါတီဝင်များ နှင့် ခိုက်ရန်ဖြစ်ပွားခဲ့ဖြစ်ပွား ပုံမှာ ၂၀၁၀ စစ်အုပ်စု သက်ဆိုးရှည်စေ ရေးကို

အာပေးထောက်ခံရေး ဗိုလ်ချုပ်မှူးကြီးသန်ရွေနှင့် စက်မှု ၀န်ကြီး (၁)အောင်သောင်း ဦးဆောင်သော်

ပါတီအားမဲပေးထောက်ခံ၇န် စည်းရုံးရေးဆင်နေသော် ကြံ့ဖွတ်အင်အား (၃၀) မှ တပ်ရင်းထဲဝင်ပြီးမဲဆွယ်ရာ

ကြိုးစားဖိုလုပ်ရာက ဂိတ်စောင့် တပ်သားနှင့်မှ လက်မခံပဲ အချင်းဖြစ်ပွားပြီး ။ကြံ့ဖွတ်ကိုယ်စားလှယ် တဦး မှ

တာဝန်ကျ ရဲဘော်တဦး စတင်ပြီးလက်သီးနဲ့  ထိုးရာက ။ ဂိတ်အနီး တာဝန်ကျ အလုပ်လုပ်နေသော် အခြား

ရဲဘော်များကလဲ အထိုးခံရ သော်ရဲဘော်နှင့် အတူပြန်လှန်ကြံ့ဖွတ်အဖွဲအား ထိုးကြိတ်ခဲ့သည်။ ကျေနပ်တဲ့

ခမရ(၇)အရာရှိ အရာခံအကြပ်တပ်သားများ က ကြံ့ဖွတ် ရုံး ကို ၀ိုင်းကိုဖို့ ကြိုးစားရာ လူစုနေချိန် တပ်မမှူး

ဗိုလ်မှူကြီး တင်ထွန်းကို.ယ်တိုင် မကျေနပ်တဲ့ အကြောင်း ။တပ်သားတဦးမှ ရှင်းပြပြီး တပ်သားတွေခံစားနေရာ

ရင်ဖွင့်ခံတယ် ရဲဘော်များမှ လက်မှာ ပဲခူးပြည်သူတွေ ရွှန်ရှာ။မုန်းတီးနေ တဲ့အဖြစ်ကို ခံနေရတယ် ဒါ ကို

ပြည်သူလူထုမထောက်ခံတဲ့ ရွေးကောက်ပွဲကို ၂၀၁၀။ ကြံ့ဖွတ်ကိုမဲပေး လက်ခံရမယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး ။။။

ကျွန်တော်တို က လက်ရှိမှာစားဝတ်နေရေး အကြတ်အတဲ အလွန်အင်မန်တန်ခက်ခဲနေပါတယ်။

မြန်မာရွေးကောက်ပွဲ ဟီလာရီ ကလင်တန် ပြင်းပြင်းထန်ထန် ဝေဖန်

သတင်း RSS Feeds RSS Feed

မြန်မာရွေးကောက်ပွဲ ဟီလာရီ ကလင်တန် ပြင်းပြင်းထန်ထန် ဝေဖန်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ်စ် ဟီလာရီ ကလင်တန်။
ဓာတ်ပုံ AP

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ်စ် ဟီလာရီ ကလင်တန်။ အောက်တိုဘာ ၂၈၊ ၂၀၁၀။

ထပ်ဆင့် ဖြန့်ဝေရန်

မြန်မာစစ်အစိုးရက မကြာခင် ကျင်းပပေးမယ့် ရွေးကောက်ပွဲဟာ လက်ခံနိုင်စရာ အခြေအနေတွေ မရှိတဲ့အပြင် ဒီမိုကရေစီ အခြေခံတွေ ကင်းမဲ့နေတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြစ်တင် ပြောဆိုလိုက်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဒေသတွင်း နိုင်ငံတွေနဲ့ ဆွေးနွေးပြောဆိုမှုတွေ တွေ့မြင်ရလိမ့်မယ်လို့ မျှော်လင့်ထားကြတဲ့ အာရှခရီးစဉ် အစနေ့အဖြစ် ကြာသပတေးနေ့ကပဲ ၀န်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆိုလိုက်တာပါ။ မြန်မာစစ်အစိုးရရဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲအပေါ် ပြည်တွင်းပြည်ပက ဝေဖန်မှုတွေထဲက အခုနောက်ဆုံး အမေရိကန် ပြည်ထောင်စုက သဘောထား မှတ်ချက် ပေးခဲ့တာကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့ ရွေးကောက်ပွဲဟာ အပြစ်အနာအဆာတွေနဲ့ လက်ခံနိုင်စရာရှိမှာ မဟုတ်ဘူးလို့ အမေရိကန် ပြည်ထောင်စုက ရှုမြင်တဲ့အကြောင်း အာရှ၊ ပစိဖိတ် ဒေသဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒ သဘောထားတွေကို ရှင်းပြရာမှာ ၀န်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုလိုက်တာပါ။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဒေသတွင်း နိုင်ငံတွေနဲ့ ဆွေးနွေးပြောဆိုမယ်လို့ မျှော်လင့်ထားတဲ့ နိုဝင်ဘာလ ၈ ရက်နေ့အထိ အာရှ၊ ပစိဖိတ်ဒေသကို သွားရောက်မယ့် ခရီးစဉ်အစအဖြစ် ဟာဝိုင်အီကျွန်းမှာ ကြာသပတေးနေ့က မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ အင်မတန်မှကို အပြစ်အနာအဆာတွေ များလှတဲ့ ရွေးကောက်ပွဲ တခုကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ကျမတို့ သိနားလည်ထားတာကတော့ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲ ဆိုတာထက် ပိုတယ် ဆိုတာပါပဲ။ မြန်မာနိုင်ငံက ခေါင်းဆောင်တွေ၊ အသစ်ရော အဟောင်းတွေကိုရော ကျမတို့ ရှင်းရှင်းလင်းလင်း ပြောချင်တာကတော့ အရင်က မူဝါဒတွေကနေ လမ်းခွဲထွက်ရမယ် ဆိုတာပါပဲ။”

မြန်မာစစ်အစိုးရကတော့ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ် ဆိုပေမဲ့လည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ လောက်ကို ဖမ်းဆီးထားဆဲ ဖြစ်တဲ့အတွက် နိုင်ငံရေး လွတ်လပ်ခွင့် အခြေအနေတွေ မရှိဘူးလို့ အများက မြင်နေကြတာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နဲ့ ထိပ်သီး အစည်းအဝေးပွဲ အတွက် ဗီယက်နမ်နိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မပေးဘဲ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ တရားဝင်မှုနဲ့ အများက လက်ခံနိုင်မယ့် အခြေအနေတွေ ကင်းမဲ့စေလိမ့်မယ်လို့ AP သတင်းဌာနနဲ့ ကြာသပတေးနေ့က မေးမြန်းခန်းအတွင်း ပြောဆိုခဲ့တာပါ။

ဒါပေမဲ့လည်း ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ အစည်းအဝေးပွဲ အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ အပြီးလောက်မှာ ပြန်လွှတ်ကောင်း လွှတ်ပေးမယ့် သဘောထားမျိုး မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ပြောဆိုတဲ့အကြောင်း အသင်းရဲ့ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်ဆူဝမ် (Surin Pitsuwan) က ပြောဆိုခဲ့တာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတာ အပါအ၀င် မြန်မာနိုင်ငံက နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် လုပ်ရမယ်လို့ တောင်းဆိုလိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ သူ့ကို ဖမ်းဆီးမှုတွေ အဆုံးသတ်ဖို့ ကျမတို့ တောင်းဆိုပါတယ်။ ကမ္ဘာပေါ်မှာ အာရှတိုက်ဟာ ထင်ရှားတဲ့ နိုဘယ်လ်ဆုရှင် ၃ ယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဒလိုင်းလားမား (Dalai Lama) နဲ့ လျူရှောင်ဘို (Liu Xiaobo) တို့ကို နေအိမ်အကျယ်ချုပ် ချထားတာ၊ ထောင်ထဲထည့်ထားတာ ဒါမှမဟုတ်ရင်လည်း ပြည်ပမှာ တိမ်းရှောင်နေကြရတ၊ တခုမဟုတ်တခု ဖြစ်နေရတဲ့ ဒေသတခု ဖြစ်နေတုန်းမို့ စိတ်မကောင်းစရာလည်း ဖြစ်ရပါတယ်။

“ဒီလိုကိစ္စရပ်တွေနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲမှုတွေ ရှိနေတဲ့ မိတ်ဘက် တိုင်းပြည်တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေကို နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်လာတာနဲ့အမျှ အုပ်ချုပ်ရေးမှာ ပြုပြင်ပြောင်းလဲဖို့၊ လူ့အခွင့်အရေး အကာအကွယ် ပေးသွားဖို့နဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေ တိုးတက်အောင် လုပ်ဖို့လည်း တောင်းဆိုသွားမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို ဖော်ထုတ်နိုင်ဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ကုလသမဂ္ဂထဲက မဟာမိတ်တွေ၊ မိတ်ဆွေတွေ၊ တခြား လုပ်ဖော်ကိုင်ဘက် နိုင်ငံတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်း ဆောင်ရွက်တာကိုလည်း မြင်တွေ့လိုတဲ့အကြောင်း ၀န်ကြီး ကလင်တန်က ပြောဆိုခဲ့တာပါ။

ရှေ့လာမယ့် နိုဝင်ဘာလကျရင် အာရှဒေသ ၄ နိုင်ငံကို ၁၀ ရက်ကြာ သွားရောက်ဖို့ရှိတဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ ခရီးစဉ် အတွင်းမှာလည်း ဒေသတွင်း နိုင်ငံတွေနဲ့ မြန်မာ့အရေး ဆွေးနွေးဖွယ် ရှိတဲ့အကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတွေက ဒီတပတ်ထဲမှာပဲ ပြောဆိုထားတာ ဖြစ်ပါတယ်။


သတင်း ဗွီအိုအေ

Saturday, October 30, 2010

ကျောင်းသားတပ်မတော်နှင့်ပူးပေါင်းဆောင်ရွက်

ABတပ်ဖွဲ့ ဝင် ရဲဘော်တူးတူး ။ကိုဆလိုင် ။ မိမိ
၂၀၀၉ အမှတ်တရ ပါဝင်သူအမည်များ
ရဲဘော် အိုကီးAB တပ်မှုး ။ AB စစ်ကော်မရှင် ကိုဆလိုင်း ။ ရဲဘော်တူးတူး AB တပ်ဖွဲဝင်ဟောင်း ဖခင်မှာ ဗမာ့ တပ်မတော် မွန်ပြည်နယ် ခလရမှ ဒုတပ်ရင်းမှုး။ မိမိ AB ရဲဘော် ဖခင် မှာ တပ်မတော်(လေ )မင်္ဂလာဒုံ
အမေရိကန်နိုင်ငံ နောက်ဖက်ခြမ် အော်ရီကွန်ပြည်နယ် ပေါ့်လန်မြို တော်လှန်ရေးနယ်မြေမှရောက်ရှိလာသော် ကျောင်းသားတပ်မတော်မှ ခေါင်းဆောင် နှင့် အော်ရီကွန်ပြည်နယ် ရှိ ABSDFတိုတ်ပွဲဝင်ရဲဘော်များ နှင့်တွေဆုံပြီး။-
ABSDF မှ ဆက်လက်တိုက်ပွဲဝင်နေပြီး ။ ရှေ့လုပ်ငန်းစဉ် နှင့် ရည်ရွယ်ချက်ဦးတည်ချက်များအား ရဲဘော်များအား ချပြဆွေးနွေးပြီး ။ ပြည်တွင်းတိုတ်ပွဲ ပြည်ပ လှုပ်ရှားမှူ နှင့် နိုင်ငံတကာ ရောက်ရဲဘော်များ မျိုးချစ်ပြည်သူများ ပူပေါင်းပြီး ၂၀၁၀ ကျော်လွန်ပြီး တိုတ်ပွဲကို အရှိန်မြင့်တင်ရန် ။ အမိနိုင်ငံပြည်သူလူထု စစ်အာဏာရှင်စနစ်အောက်မှ လွှတ်မြောက်ရေး ။ဒီမိုကရေးစီနှင် လူအခွင့်အရေး ရရှိရေး ။ဆက်လက်တိုက်ပွဲဝင်နေပြီး။ ကျောင်းသားတပ်မတော်သည် ။ ဗမာတပ်မတော်မှ တပ်မတော်သားများ အား ရန်သူမဟုတ်ပဲ ။ဗမာတပ်မတော်သားများနှင့် အတူပူးပေါင်းဆောင်ရွက်နေပြီး ။အဓိက နေပြည်တော်ရှိ စစ်အာဏာရှင်များအား တိုတ်ခိုက်ရန် ။စီမံ ချက်ရှိထားပြီး။ ၄င်းလုပ်ငန်းစဉ်များအား ဗမာ့တပ်မတော်သားမျာပါ ပူပေါင်း ပါဝင်ဆောင်ရွက်နေပြီးဖြစ်သည်ဟု ရှင်းပြပြီး ။ တိုတ်ပွဲဝင်ရဲဘော်များ ရဲ့ လိုအပ်ချက်အား မိမိတပ်နိုင်သည်ဘက်မှ အခြားပံပိုးမှုများနှင့်အတူ ငွေကြေး များအား နှစ်စဉ်ထောက်ပံ ပေးရန် ဆွေးနွေးပြီး။
ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။ ရဲဘော်များ အားလုံးသဘောတူညီပြီး။ နှစ်ရာထာချက်ငွေများ ပထမ အဆင်အနေဖြင့်ပံပိုး ခဲ့ပြီးဖြစ်သည်။

တပ်မတော်သားများ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် မပါဝင်သော် ၂၀၁၀ ရွေးကောက်ပွဲ အားသပိတ်မှောက်နေပြီး ။ စားဝတ်နေရေး အကြပ်အတဲ အားပြေလည်အောင်ဖြေ ရှင်းရေး တောင်ဆို နေသော် တပ်မတော်သားများနှင့်ရဲမေများမိသားစု များတပ်အတွင်း ကျောင်းသားကျောင်းသူများ ငြိမ်ချမ်း လှုပ်ရှားမှုအားထောက်ခံပြီး ၄င်းတို့ နှစ်အတူ ပူပေါင်းပြီး ။နောက်တတ်လာမည် စစ်အုပ်စုအား ထိရောက်စွာဆက်လက် တိုတ်ပွဲဝင်သွားမည်ဟု သိရှိရသည်။


သတင်း အေမင်

ရဲဘော်တို့  မိမိတို အနေဖြင် အောက်ပါ စီးပွားရေး သမားများအား အရေးယူသွားမည်


ရဲဘော်တို့  မိမိတို အနေဖြင် အောက်ပါ စီးပွားရေး သမားများအား အရေးယူသွားမည်

တော်လှန်ရေးကာလဖြစ် သည်။ စကားတွေ များများ ပြောစရာအကြောင်းမရှိဘူး ။




ပါတီတဖြစ်လဲ ကြံ့ဖွံ့အသင်းကြီးရဲ့ အခွင့်ထူးခံစီးပွားရေးလုပ်ငန်းများစာရင်း

ကိုတိုင်းချစ်

အောက်တိုဘာ ၃၀၊ ၂၀၁၀

နိုင်ငံရေးပါတီများဟာ ပါတီရန်ပုံငွေ စုဆောင်းတဲ့နေရာမှာ အလှူခံတဲ့ငွေတွေ၊ ထောက်ပံ့တဲ့ အရင်းအနှီးတွေ၊ ပိုင်ဆိုင်မှုတွေကို စာရင်းလုပ်တင်ပြရပါတယ်။ ဒါ့အပြင် ပါတီရပ်တည်ရှင်သန်ရေးအတွက် အာမခံပေးတဲ့ (စပွန်ဆာတွေ၊ စီးပွားရေးလုပ်ငန်းရှင်) တွေကိုလည်း အမည်စာရင်း ထုတ်ပြန်ပေးရပါတယ်။ သို့သော် ပါတီတွေကိုယ်တိုင် ပိုင်ဆိုင်တဲ့ သီးခြားစီးပွာရေးလုပ်ငန်းတွေ စာရင်းကတော့ မြန်မာပြည်မှာပဲ ရှိမယ် ထင်ပါတယ်။

အောက်ကစာရင်းကတော့ အတည်မပြုနိုင်သေးတဲ့ စာရင်းပါ။ ဒါတွေကို ကြံ့ဖွံ့အသင်းကြီးအဖြစ်နဲ့ တည်ထောင်စဉ်က မတည်ထောက်ပံ့ခဲ့တဲ့ လုပ်ငန်းတွေလို့ ဆိုပါတယ်။ ကဲ … ပရိသတ်ကြီးကပဲ စိစစ်ပေးကြပါဦး။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း နာမည်နဲ့ အခွင့်ထူးခံလုပ်ကိုင်စားသောက်နေတဲ့ ကုမ္ပဏီများ

မြန်ဂုဏ်မြင့် ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်
မာဃ ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်
မြန်မာ့မာန် ကုမ္ပဏီလီမိတက်
သပြေအောင် ကုမ္ပဏီလီမိတက်
အောင်အောင်အုပ်စု သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်
မြန်မာအင်းလေး စားသောက်ကုန်စက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်
ဝရဇိန် ဓါတ်မြေသြဇာထုတ်လုပ်မှု ကုမ္ပဏီလီမိတက်
ဖြိုးရာဇာ ကုမ္ပဏီလီမိတက်
ဖြိးဧရာ ကုမ္ပဏီလီမိတက်
ငွေသော်တာ ကုမ္ပဏီလီမိတက်
တင့်တယ် စက်မှု ကုမ္ပဏီလီမိတက်
အောင်ရဲရွာ ကုမ္ပဏီလီမိတက်
မြကြေးမုံ ကုမ္ပဏီလီမိတက်
သစ်မင်းရာဇာ ကုမ္ပဏီလီမိတက်
ဆုံစည်းရာ ခရီးသွား ကုမ္ပဏီလီမိတက် ( Tryst Travels Co., Ltd. )

ဝေယံနန်း ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်
ဧည့်ဝတ်ကျေပွန်သော ဟိုတယ်အုပ်စု ကုမ္ပဏီလီမိတက် ( Holy Hotel Group Co., Ltd. )


သတင်း မိုမခ အချက်အလက်များရရှိ

သတင်း အေမင်


Friday, October 29, 2010

တပ်မတော်နှင့် ကျွှနုပ်တို ပူပေါင်းနေပြီး

ဗုံးဖေါက်ခွဲမှု၌ တပ်မတော်သားများကိုယ်တိုင် ပါဝင်ဟု ABSDF တုန့်ပြန်

E-mail Print
ပဲခူးမြို့ ဥသာမြို့သစ် အမှတ် ၈ ရပ်ကွက် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီရုံး စက်တင်ဘာလ ၂၉ ရက် ဗုံးဖေါက် ခွဲမှုတွင် တပ်မတော်သားများကိုယ်တိုင် ပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF က ပြောဆိုလိုက်သည်။

အဆိုပါ ဗုံးဖေါက်ခွဲမှုကို ABSDF မှ ဒုဗိုလ်မှူးကြီးအဆင့်ရှိ ကိုဝေလင်းဇင်နှင့် အဖွဲ့ဝင် ကိုခင်ကျော်တို့က ကြိုးကိုင်စေခိုင်းခဲ့ သည် ဆိုသော ယခုလ ၂၆ ရက်ထုတ် မြန်မာ့အလင်းသတင်းစာပါ နအဖ၏ စွပ်စွဲချက်ကို ABSDF က တုန့်ပြန် လိုက်ခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၈ ရက်က ထုတ်ပြန်သည့် ABSDF ကြေငြာချက်၌ နအဖ၏ သတင်းထုတ်ပြန်ချက်အရ ပဲခူး ဗုံးဖေါက်ခွဲမှု တွင် အဖမ်းခံခဲ့ရသူ ၄ ဦးအနက် ကိုမင်းမင်းထွန်းမှာ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ မှ တပ်ဆွယ်မှူးဖြစ်ကြောင်း၊ ကိုအောင်မျိုးမင်းသူမှာလည်း ရန်ကုန်တိုင်း အင်းတိုင်ပင်မစစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး တပ်မှ တပ်ကြပ်ကြီး ဖြစ်ကြောင်း ဖေါ်ပြထားသည်။

စစ်အုပ်စု ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် တပ်မတော်သားများ ကိုယ်တိုင် ပါဝင်လာသည့်အချက်ကို စစ်အုပ်စု သတင်းထုတ်ပြန် ချက်က ဖုံးကွယ်ထားကြောင်း ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက RFA သတင်းဋ္ဌာနနှင့် ဆက်သွယ်မေးမြန်းချက်တွင် ပြောကြား ခဲ့သည်။

ထို့အပြင် လွတ်မြောက်ရေးတိုက်ပွဲဝင်မှုများ၏ အဓိကတာဝန်ရှိသူမှာ ဖိနှိပ်အုပ်ချုပ်သည့် စစ်အစိုးရသာ ဖြစ်ပြီး တိုင်းပြည် အတွင်း ဖြစ်ပေါ်နေသည့် နိုင်ငံရေးပြဿနာများ မှန်ကန်စွာမဖြေရှင်းသ၍ တိုက်ပွဲဝင်မှုများ လိုအပ်နေဦးမည် ဟု ကြေငြာ ချက်က ဆိုသည်။

စစ်အာဏာရှင်စနစ်အောက်၌ သာမန်ပြည်သူများသာမက တပ်မတော်သားများပါ အဖိနှိပ်ခံရမှုကြောင့် စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေးတွင် တပ်မတော်သားများပါဝင်လာခြင်း ဖြစ်ပြီး ABSDF ကကြိုဆိုထောက်ခံကြောင်း ဖေါ်ပြထားသည်။

ပဲခူးမြို့ရှိ လူ့အခွင့်အရေးလှုပ်ရှားနေသော လမ်းပြကြယ်အဖွဲ့မှ ရှေ့နေဦးအေးမြင့်ကလည်း ပဲခူးဗုံးဖေါက်ခွဲမှုတွင် ပါဝင်သူမှာ ရန်ကုန်တိုင်း စရဖအဖွဲ့မှ ဖြစ်ကြောင်း ရဲအရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ၄င်းဗုံးခွဲမှု ဖြစ်ပွားသည့် နေ့၌ RFA သတင်း ဋ္ဌာနသို့ ပြောကြားခဲ့သေးသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးသည် ၁၉၈၈ မြန်မာ့ဒီမိုကရေစီလူထုအုံကြွမှုအပြီး နဝတ စစ် အုပ်စုကို လက်နက်ကိုင်တော်လှန်ရန် ကျောင်းသားအများစုပါဝင် ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်ပြီး ယနေ့တိုင် နအဖ စစ်အုပ်စုကို လက်နက်ကိုင်ဆန့်ကျင်နေသော တပ်ဖြစ်သည်။

သတင်း သျှမ်သတင်းစဉ်

နအဖတပ်နယ်ထပ်ကျွံလာရင် နောက်မဆုတ်တမ်းခုခံရန် အပစ်ရပ် SSA စစ်မိန့်ထုတ်ထား

နအဖတပ်နယ်ထပ်ကျွံလာရင် နောက်မဆုတ်တမ်းခုခံရန် အပစ်ရပ် SSA စစ်မိန့်ထုတ်ထား


ပြည်သူ့စစ်လုပ်ရန်ငြင်းဆန်သည့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်မဟာ၁ ထိန်းချုပ်နယ်မြေသို့ တပ်အင်အားဖြည့် တင်းခဲ့သော နအဖစစ်တပ်များ နယ်ထပ်ကျွံဝင်လာပါက မဆုတ်တမ်း ခုခံတိုက်ခိုက်ရန် ဌာနချုပ်က တပ်လှန့်အမိန့်ပေး ထားကြောင်း စုံစမ်းသိရှိရသည်။

“ဒီလ 20 ရက်နေ့နောက်ပိုင်း နအဖတပ်တွေ တိုးဖြည့်ရတဲ့အကြောင်းရင်းက ၃ ခုရှိတယ် ၁။ နယ်မြေကျွမ်းကျင် မှုပိုရှိဖို့၊ ၂။ ကျေးလက်လူထုအပေါ် နအဖစစ်တပ်သြဇာကိုဖြန့်ပြီး၊ တပ်မဟာ ၁ ရဲ့ သြဇာချေဖျက်ဖို့ ၃။ SSA တပ်မဟာ ၁ လက်နက်ချ လာအောင်(သို့) ပြည်သူ့စစ်အသွင်ပြောင်းလာအောင် ကျေးလက်လူထုကနေဖြောင်း ဖြခိုင်းဖို့၊ စစ်ဖြစ်လာရင်လူထုကဘဲ စစ်ဒဏ်ခံရမှာမို့နအဖကိုအလိုလိုက်ပါ ဆိုပြီး SSA တပ်မဟာ ၁ ဆီိ အသနား ခံခိုင်းမယ်လို့သတင်းတွေကြားနေရတယ်” - ဟု တပ်မဟာ ၁ မှ တပ်မှူးတဦးက ပြောသည်။

လွယ်လင်အခြေစိုက် ခလရ ၉ က အင်အား ၇၀ ဖြင့် တပ်မဟာ ၁ ဌာနချုပ်အနောက် တောင်ဘက် မိုင်းနန်း တိုက်နယ်နှင့် ၀မ့်ဇါတ်ဂျူတောင်းတိုက်နယ်ဘက်သို့လည်းကောင်း၊ ကျေးသီးအခြေစိုက် ခလရ ၁၃၁ ကလည်းအင်အား ၆၀ ဖြင့် မိုင်း ကောဝ် နောင်ဆွမ်းတိုက်နယ် ပန်ယိမ်း ပန်မုန့်ရွာဘက်သို့ လည်းကောင်း၊ ကွန်ဟိန်းဗျူဟာ လက် အောက်ခံ ခလရ ၂၄၆ က အောင်ဆန်းဦး ဦးဆောင်သည့်စစ်ကြောင်းကလည်းတပ်မဟာဌာနချုပ်တောင်ဘက် 7-8 မိုင်အကွာ ဟိုင်းပါတိုက်နယ် မိုင်းအတ်ရွာ၊ နမ့်ပူ၊ နမ့်ပုတ်၊ လွယ်ရွဲ၊ နောင်ခေတ် ရွာဘက်မှ လည်းကောင်း ဖြည့်တင်းလှုပ်ရှားလာသည်သည်ဟု ဆို၏။

“ကျနော်တို့ကို ဗမာစစ်သားတွေလာပြောတယ် - သူတို့တက်လာတာက သျှမ်းတပ်ကိုတိုက်ဖို့ မဟုတ်ဘူး။ သျှမ်းတပ်ဖွဲ့ တွေသွားလာလှုပ်ရှားတဲ့လမ်းကြောင်းကိုပြောပေးပါ။ ပက်ပင်းတိုးမိရင် ပစ်မိ ခတ်မိမှာစိုးလို့- တဲ့။ သျှမ်းတပ်ကတော့ နောက် မဆုတ်ရင် တိုက်မယ်လို့ပြောတယ်” ဟု မိုင်းနန်းဒေသ ခံတဦးက ပြောသည်။

နအဖ၏ နည်းဗျူဟာကို ကြိုသိထားသော SSA တပ်မဟာ ၁ ဘက်ကလည်း ခုခံကာကွယ်ရန်ပြင်ဆင်မှုများ ပြုလုပ်ထား သည့် အပြင် တိုက်ပွဲဖြစ်ပွါးခဲ့ပါကတပ်ဆုပ်ခွင့်လုံးဝ မရှိကြောင်း ရှေ့တန်းတပ်မှူးများအား အမိန့်ထုတ်ထားသည်ဟုလည်း တပ်ရင်းမှူးတဦးကပြောပြသည်။

“နအဖတပ်ရုံးအဖွဲ့တွေ ရွာထဲမှာ စခန်းချတယ်။ ရွာထဲတောထဲကို တပ်စိတ်တွေလွှတ်တယ်။ သူတို့မှာ GPS Global Position System လို့ခေါ်တဲ့ မြေပုံညွှန်းကိရိယာတွေပါတယ်” - ဟု ၄င်းကပြောပါသည်။

ပြီးခဲ့သည့် ၂၀ ရက်က တာ့ကော့အခြေစိုက် ခလရ ၂၉၆ မှ အင်အား ၇၀ ခန့်ရှိ တပ်ဖွဲ့တဖွဲ့ SSA တပ်မဟာ ၁ ထိန်းချုပ် နယ်မြေ လွယ်ဖာဇင်းမ်ရှိ ခေါက်စန့်တိုက်နယ်အတွင်းနယ်ကျွံဝင်ရာ ပြန်မဆုတ်ခွါပါက ပစ်ခတ်မည်ဟု SSA က ရာဇသံပေး တော့မှ နောက်ပြန်ဆုတ်သွားခဲ့သည်ဟုလည်း သိရ၏။

အဆိုပါကိစ္စနှင့်ပါတ်သက်၍ - တပ်မဟာ ၁ သတိဝိရိယရော့ရဲပြီး ပေါ့လျော့သတိလစ်စေရန်ကစားနေခြင်းဖြစ်ပြီး အချက်ပိုင် သည်နှင့် လျှပ်တပြတ်ဝင်ရောက်တိုက်ခိုက်နိုင်ရန် နည်းဗျူဟာသုံးနေသည်ဟု SSA လွယ်တိုင်း လျဲန်းဌာနချုပ် အရာရှိတဦး က ကောက်ချက်ချပြောကြားပါသည်။


သတင်း သျှမ်းသံတော်ဆင့်

ရွေးကောက်ပွဲ ကို ထောက်ခံသော် နအဖ စစ်တပ် အား KNU တပ်ဖွဲ့  တိုတ်ခိုက်

မဲပုံးသယ်လာသည့် နအဖ စစ်တပ် အပစ်ခံရ၍ ၂ဦးသေ ၃ဦး ဒဏ်ရာရရှိ

Submitted by Karen Information Center on Wednesday, 27 October 2010
အောက်တိုဘာလ ၂၇ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲအတွက် တောင်စွန်းရွာမှ ချောင်းဆုံရွာသို့ မဲပုံးသယ်ယူလာသည့် နအဖ စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ)က ယမန်နေ့ မနက် ၁၀း၄၀နာရီအချိန် ၌ ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖ တပ်သား ၂ဦးသေဆုံး ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ဒု-ဗိုလ်မှူးကြီး မျိုးမြင့်အောင် ဦးဆောင်ပြီး အင်အား ၆၀ခန့်ရှိ အဆိုပါ နအဖ စစ်ကွပ်ကဲရေးဌာနချုပ်(၈)လက်အောက်ခံ ခမရ (၄၀၅)တပ်ရင်း စစ်ကြောင်း(၁)သည် လာမည့် နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲပုံးသယ်လာခဲ့ ရာ အာပလုံနှင့် လှိုင်သာယာရွာကြားတွင် ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)က ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကေအဲန်အယ်လ်အေ တပ်မဟာ(၆)မှ ပြောခွင့်ရသူ ဗိုလ်မှူးစောထဲနေက “ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)က ကျနော်တို့ ကို သတင်းပို့ချက်အရတော့ နအဖ ၂ယောက် ကျဆုံးပြီး ၃ယောက် ဒဏ်ရာရတယ်ဆိုတာ ဟုတ်ပါတယ်။ ဒီနယ်မြေမှာ လှုပ် ရှားနေတဲ့ နအဖတပ်ကိုတော့ လစ်ရင်လစ်သလို အမြဲတိုက်ခိုက်တာပဲ။ ဒီမနက်မှာလည်း တပွဲ ထပ်ဖြစ်သေးတယ်လို့ ကြား တယ်။ ထိခိုက်မှုကတော့ ဘာမှ အကြောင်းပြန်ကြားလာတာ မရှိသေးဘူး။”ဟု ကေအိုင်စီကို အတည်ပြုပြောဆိုသည်။

အပစ်ခံရသည့် နအဖ စစ်တပ်မှ တပ်ဖွဲ့ဝင် ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်အယ်လ်အေဘက်က ပြောသော်လည်း အဆိုပါစစ်တပ် အသိုင်းအ၀ိုင်းဘက်မှ ၎င်းတို့ ရဲဘော် ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုပြောကြောင်း အမည်မဖော်လိုသူ ကြာ အင်းဆိပ်ကြီးမြို့နယ်မှ ဒေသခံတဦးက ဆိုသည်။

သူက “သူတို့(နအဖ) စစ်တပ်အရာရှိပြောတာတော့ အဲဒီအတိုင်းပဲ။ သူတို့လာတာက မဲပုံးကြောင့်ပါ။ ရွေးကောက်ပွဲကျရင် ဘုရားသုံးဆူမှာ မဲထည့်ရမယ်လေ။ မဲပုံးမရှိသေးတဲ့အတွက် သူတို့(နအဖ)က မဲပုံးသယ်လာတာ အပစ်ခံရတာပဲ။ သူတို့ သယ် လာတဲ့ မဲပုံးက ၅ပုံးပေါ့နော်။ တပုံးက ချောင်းဆုံမှာ၊ လေးပုံးက ဘုရားသုံးဆူမှာလို့ ကြားတယ်။”ဟု ရှင်းပြသည်။

ယမန်နေ့က တောင်စွန်းရွာမှ ချောင်းဆုံရွာသို့ တက်လာသည့် အဆိုပါ နအဖ ခမရ(၄၀၅) တပ်ရင်းသည် ကြာအင်းဆိပ်ကြီးမြို့ နယ်အတွင်းရှိ ရွာသားများကို လမ်းပြအဖြစ် ခေါ်ယူမှုများရှိခဲ့ပြီး ကွီးကချောကျုရွာ၌ ကေအဲန်ယူ သစ်တောအရာရှိတစ်ဦးကို ဖမ်းဆီးသွားခဲ့သည်ဟု သိရသော်လည်း ကေအဲန်ယူမှ တရားဝင် သတင်းထုတ်ပြန် မရှိသေးပါ။

အင်အား ၁၀၀ကျော်ရှိသည့် နအဖ စကခ(၈) လက်အောက်ခံ ခမရ(၄၀၅)တပ်ရင်း၏ စစ်ကြောင်း(၁)နှင့် (၂)တို့မှာ ချောင်းဆုံ ရွာတွင် အခြေစိုက်လျှက်ရှိပြီး ယခု မဲပုံးသယ်ယူလာသည့် တပ်ဖွဲ့မှာ စစ်ကြောင်း(၁)တပ်ဖွဲ့ဖြစ်သည်။


သတင်း ကေအိုင်စီ

ကရင်နီ စစ်ရေးသတင်း

က၇င်နီစစ်ရေးပြ အခမ်းအနား ( ညာမှု စခန်း)



၁၀.၂၆.၂၀၁၀ နေ့ ရက် ကရင်နီတပ်မတော် တပ်၇င်း(၂)မှ ကယားပြည်နယ် လွိုင်ကော် စစ်ဗျုဟာနှစ် သံလွင် အနောက်ဘက်ခြမ် ရှာတောမြို ကို ဆက်သွယ်ထားသော် တံတား(ပွန်ချောင်းတံတား )အား ဖေါက်ခွဲဖျက်ဆီးခဲ့ခြင်း ။၎င်း တံတားသည် သံလွင်မြစ် အနောက်ဘက် ခြမ်းလှုပ်ရှားတပ်နှင် အခြေ စခန်းအား အဓိက ရန်သူထောက်ပံ့ ဆက်သွယ်ရေးလမ်ကြောင်းတွင် ရေးပါသော် တနေရာဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲအား လက်မခံဘဲ ကြံ့ဖွတ်နှင့် အခြားပါတီများလဲ လာရောက်မဲထဲ့ရေး စည်ရုံး သော် အဖွဲအစည်များ ကို စစ်ရေးအရ ရေးယူ မည်ဟု
ထုတ်ပြန်ထားသည်။ ကရင်နီ အဖွဲသည် ၂၀၀၈ ဖွဲ့ စည်ပုံကို လက်မခံကြောင်းတရာဝင်ထုတ်ဖေါ်ပြောဆိုထားပြီဖြစ်သည်။


သတင်း အေမင်

ကုန်ဈေး နုန်း တိုတ်ပွဲ နေပြည်တော်ကို ဦးတည်




ရန်ကုန်တိုင်းတပ် တံဆိပ်


ကိုမင်ကိုနိုင် နှင့် ၈၈ မျိုးဆက် ခေါင်ဆောင်များ ချီတတ်တောင်ဆိုနေပုံ ၂၀၀၇



သတင်းထူး



ရန်ကုန်တိုင်းတပ် လက်အောက်ခံ တောင် ဥက္ကလာ ခမရ ( ၄၃၅) (၄၃၆) တပ်ရင်း ရဲဘော်မိသားစုဝင်များနှုင့် ကျောင်းသား ကျောင်သူ အင်အား ၂၀၀ ကျော်လောက် ဟာ ဆန္ဒ ပြ ပြီး ၄င်းတို၏ လက်ရှိ အထွေထွေ ကြပ်တဲ့ မှု စားဝတ်နေရေး မပြေလည်မှု အား နေ ပြည်တော်ရှိအထက် လူကြီးများ များ ဖြစ်သော် ဗိုလ်ချုပ်မှူကြီး များ
သိရှိရန် နှင့် စားဝတ်ရေးပြသာနာအား အမြန်ဆုံး ပြေလည် အောင် တပ်မတော်သားမိသာစု မှ ကျောင်းသား။ကျောင်းသူ များ မှာ ပညာရေးပါ အခက်အခဲများဖြစ်လာပြီး မိသားစုအကြတ်အတဲများ များစွာ ရင်ဆိုင်နေ ခြင်းကို ။ ယနေ့ နံနက်တန်းစီရာ တပ်ရင်းမှုး ရုံး အရှေတွင် တပ်မိသားစုနှင့် ကျောင်းသားကျောင်း ဆန္ဒ ပြ တောင်ဆိုကြောင်းသတင်းရ ရှိ။

၂၀၀ရ ရွှေဝါရောင် ရေးအခင်းမဖြစ်မှီ ကုန်ဈေးနှူန်မြင့်တင် မှု လောင်စားဆီး ဈေးနှူံးများ မြင်တတ်ကာ အစစအရာရာ ဈေးတတ်မှူ ပြည်သူများအနေဖြင့် ခက်ခဲစွာရင်ဆိုင်နေရပြီး ။ ပြသာနာများ ပြေလည်အောင် ဖြေရှင်းပေးရန် အထက်မှ အာဏာပိုင်များ သိရှိ၇န် မှန်မှန်ကန်ကန်တင်ပြ တောင်ဆို မတရား ဖမ်းဆီး ထောင် ဒဏ် တသက် တကျွှန် ချခံနေရပြီး ။ ဝေလံသော်ထောင်တွင် အပိုခံနေရသည်။

ကိုမင်းကိုနိုင် ပြောခဲ့သော်စကား ( မိဘပြည်သူတွေ ယနေအချိန် စားဝတ်နေရေးအကြပ်အတဲ ဘက်ပေါင်းစုံ ရင်ဆိုင်နေရတယ် ဒါကို ကျွန်တော်တို့ လက်လူရှု ထားလိုမရဘူး ။ကျွန်တော်တို့  ကျောင်သား လူငယ် တွေ အနေနဲ့  မှန်ကန်ပြီး ငြိမ်းချမ်းစွာ တောင်ဆိုတင်ပြ သွားပါမည်။
ကုန်ဈေးနုန်း ဦးဆောင် ရဲဘော်ကြီး ကိုထင်ကျော် ပြောခဲ့ စကား လက်ထဲက စားရမဲ့ ထမင်းတလုပ် ပုတ်ချ ခံနေရပြီး ဒါကို ကျွှန်တော်တို့ ...........ငြိမ်ခံနေလို မရတော့ဘူး။




သတင်း အေမင်




Thursday, October 28, 2010

ဒုတိယပင်လုံညီလာခံခေါ်ရေး ၈၈ မျိုးဆက်ကျောင်းသားများထောက်ခံ

ဒုတိယပင်လုံညီလာခံခေါ်ရေး ၈၈ မျိုးဆက်ကျောင်းသားများထောက်ခံ

2010-10-27

အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မရှိမဖြစ် အရေးပါတဲ့ ဒုတိယပင်လုံ ညီလာခံခေါ်ယူရေး၊ ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းကို အပြည့်အဝ ထောက်ခံကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ဒီကနေ့ အောက်တိုဘာ ၂၇ ရက်မှာ သဘောထား ထုတ်ပြန်ပါတယ်။

(RFA)

မြန်မာ့ လွတ်လပ်ရေးအတွက် အရေးပါသော ခြေလှမ်းတရပ်အဖြစ် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ဗိုလ်ချုပ် အောင်ဆန်း (ဝဲမှ ဒုတိယ) နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံသဘောတူညီချက်ကို လက်မှတ်ရေးထိုးနေသည့် သရုပ်ဖော် ပန်းချီ ဖြစ်ပါသည်။ (RFA)

ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေး အတွက် လက်ရှိရွေးကောက်ပွဲ ဝင်ကြမဲ့ တိုင်းရင်းသား ပါတီတွေနဲ့ တခြား နိုင်ငံရေးအင်အားစုတွေကပါ အလေးထား ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဝင် ကိုစိုးထွန်းက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ တိုင်းပြည်အတွက် အရေးအကြီးဆုံး၊ အခြေခံကျကျ အလိုအပ်ဆုံး အရာကတော့ ကျွန်တော်တို့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်တယ်၊ အခုလို ကျွန်တော်တို့ အရေးကြီးဆုံး တည်ဆောက်ရမဲ့ လိုအပ်နေတဲ့ အချိန်မှာ ကလေးမြို့ ကြေညာစာတမ်းကို သဘောတူ ကြေညာပြီးတော့ ထုတ်ပြန်နိုင်တာ ဒါ တကဲ့ကို ကောင်းတဲ့ လိုအပ်ချက်တခု ဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ ၈၈ မျိုးဆက် ကျောင်းသားများအနေနဲ့ အပြည့်အဝ ထောက်ခံပါတယ်။”

ပြည်တွင်းမှာ လျှို့ဝှက်လှုပ်ရှားနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုစိုးထွန်းပြောသွား တာ ဖြစ်ပါတယ်။

ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းကို အောက်တိုဘာလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကျင်းပခဲ့တဲ့ ဇိုမီးအမျိုးသား ကွန်ဂရက် ထူထောင်ခြင်း ၂၂ နှစ်မြောက် အခမ်းအနားမှာ ဦးတင်ဦး၊ ဦးဝင်းတင် စတဲ့ အန်အယ်ဒီခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဝါရင့်နိုင်ငံရေး သမားကြီးတွေ စုပေါင်း လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Tuesday, October 26, 2010

ရွေကောက်ပွဲ ကို လက်မခံတဲ့ ခလရ (၁၈) နှင့် ကြံ့ဖွတ် ထိုးကြိတ်မှုဖြစ်ပွား

ဟင်္သာတမြို့  ခလရ(၁၈) တပ်တွင်းမိသားစု နှင့် စစ်သား သားသမီး ကျောင်းသားများအား ရွေးကောက်ပွဲကို ထောက်ခံ ရန်နှင့် ကြံ့ဖွတ် အားမဲပေး ရန် အတင်း ဖိအားပေး စည်းရုံး ရေး လုပ် နေပြီး ၄င်းလုပ်ရပ် ကို လက်မခံ သော် စစ်သားသမီးများ ကို ရွေးကောက်ပွဲပြီး ရင် ရေးယူမည်ဟု သတိပေး ခြိမ်း ခြောက် ပြီး ခလရ(၁၈) တပ်မိသားစု စစ်သားသမီးများ နှင့် ကြံ့ဖွတ်ပါတီဝင်တွေ အ ကြားထိုးကြိတ်မှူ အထိ ပြသာနာဖြစ်ပွားခဲ့ပြီး ။ ယခုပြသာနာအား စစ်တပ်အတွင်း ရဲဘော်များနှင်အရာရှိများပါ မကြေနပ် ပဲ အထက်တိုင်းမှုးအထိ တိုင်ကြား မည်ဟုသိရှိရပြီး တပ်ရင်းမှုး ဒုဗိုလ်မှုးကြီး အောင် ဒင်က ရဲဘော်များအား ချွေးသိပ်ပြီး ၄င်း ကိုယ်တိုင် လည်း ကြေ နပ်မှု မရှိပေး။ နေပြည်တော်မှ ကကကြီး ညွှန်ကြားချက် အရ ရွေးကောက်ပွဲကို ကြံ့ဖွတ်အား မဲပေးရန် အမိန်အား
ဆန့် ကျင်နေပြီး။
ခလရ (၁၈) တပ်ရင်း အနီး နှင့် စစ်သား သားသမီးများတတ်သော် ကျောင်းများအား လုံခြံရေးတိုးချ ထားကြောင်း သိရှိရ။။။




သတင်း အေမင်

ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး ခေါင်းဆောင်များပြင်ဆင်

ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး ခေါင်းဆောင်များပြင်ဆင်

2010-10-25

အောက်တိုဘာလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကျင်းပတဲ့ ဇိုမီး အမျိုးသားကွန်ဂရက် ၂၂ နှစ် မြောက် အခမ်းအနားမှာ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး ကြိုးပမ်းဖို့ တိုင်းရင်းသားနဲ့ နိုင်ငံရေးအင်အားစု ခေါင်းဆောင်တွေ အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူတွေ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

(Photo: AFP)

နာဂ တိုင်းရင်းသား ပွဲတော်မြင်ကွင်း ဖြစ်ပါသည်။ တိုင်းရင်းသား လူမျိုးစုများစွာ မှီတင်းနေထိုင်သော မြန်မာနိုင်ငံတွင် ပင်လုံသဘောတူညီချက်အရ လူမျိုးတိုင်း တန်းတူ အခွင့်အရေးကို အခြေခံသော ဖယ်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို လိုလား တောင်းဆိုနေကြပါသည်။ (Photo: AFP)

နိုဝင်ဘာ ၇ ရက်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲဟာ မြန်မာ့ နိုင်ငံရေးပြဿနာအတွက် အဖြေမဟုတ်တဲ့အတွက် ပြည်ထောင်စု မြန်မာနိုင်ငံတော် မပြိုကွဲရအောင် တိုင်းရင်းသား ခေါင်းဆောင်တွေ ဝိုင်းဝန်း ကြိုးပမ်းကြဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးထောင်ခိုထန်းက ပြောပါတယ်။

“ကနေ့ထက်ထိ ကြည့်မယ်ဆိုရင် မြန်မာပြည်ဟာ ငြိမ်းချမ်းရေး အဆင်ပြေသလား၊ ပြေလည်မှု ရှိသလား၊ ဘာမှ မပြေလည်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံလည်း မပြေလည်ဘူး၊ နယ်စပ်ဒေသတွေမှာ ရှိတဲ့ တိုင်းရင်းသားတွေလည်း ငြိမ်းချမ်းရေး မရသေးဘူး။ ဒါကြောင့်မို့ မြန်မာပြည်ရဲ့ အနာဂတ်ဟာ အင်မတန်မှ ဖရိုဖရဲဖြစ်တော့ ကစင့်ကလျား ပြိုကွဲသွားမဲ့ အနေအထားကို တကယ်တွေ့ရတယ်။ အဲဒါကြောင့်မို့ ကဲ ကျွန်တော်တို့ ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာလည်း မြန်မာပြည်ရဲ့ နိုင်ငံရေး ပြေလည်အောင် ဖြေရှင်းမှာ မဟုတ်ဖူး။ လူမျိုးစု အသီးသီးမှာ တော်လှန်ရေးတိုက်ပွဲ ဆင်နွှဲတဲ့ လူတွေလည်း အကုန်လုံး ကျေနပ်အောင် တခုခုတော့ ပြန်လည်ဆန်းစစ်ပြီးတော့ ပြန်လုပ်မှ ရမယ် ဆိုတဲ့ဟာကို ကျွန်တော်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေက အဲဒါ စဉ်းစားထားတယ်။”

ဒီအခမ်းအနားမှာ ထုတ်ပြန်လိုက်တဲ့ ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းမှာ ဒီမိုကရေစီနဲ့ လူမျိုးတိုင်း တန်းတူ အခွင့်အရေးကို အခြေခံတဲ့ ဖယ်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်ဖို့အတွက် ဒုတိယပင်လုံညီလာခံ ခေါ်ယူ ကျင်းပသွားမယ်လို့ ဖော်ပြထားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲကနေ စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲရေးတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ ရေးသားထားပါတယ်။

ဒါ့အပြင် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး အခန်းကဏ္ဍမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကိုတိုင်းရင်းသားနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက တညီတညွတ်တည်း ထောက်ခံထားတယ် ဆိုတာကိုလည်း ကြေညာစာတမ်းမှာ ဖော်ပြထားပါတယ်။

ဆုံးဖြတ်ချက် ကြေညာစာတမ်းကို လက်မှတ်ရေးထိုးသူတွေထဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးတင်ဦး၊ ဦးဝင်းတင်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ ဖြစ်တဲ့ နိုင်ငွေသိန်း၊ နိုင်ထွန်းသိန်း၊ ကရင်အမျိုးသားကွန်ဂရက်က စောဟာရီ၊ ဝါရင့် နိုင်ငံရေးသမားကြီးတွေ ဖြစ်တဲ့ သခင်သိန်းမောင်၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးထောင်ခိုထန်းစတဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တွေ ပါဝင်ကြပါတယ်။

ဇိုမီးအမျိုးသားကွန်ဂရက်ရဲ့အခမ်းအနားမှာ နှစ်စဉ်ချီးမြှင့်နေကျ အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆုကို ဒီနှစ်အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ကို ပေးအပ်ခဲ့ပါတယ်။

ရေးမြို့ လူ ၅ဝဝ ကျော် ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ


By နိုင်ကွန်းအိန် တနင်္လာ, 25 အောက်တိုဘာ 2010

ရွေးကောက်ပွဲ ကျင်းပဖို့ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကလည်း တိုးလာနေပါတယ်။ မွန်ပြည်နယ် အတွင်းမှာလည်း စစ်အစိုးရက ကျင်းပပေးမယ့် ရွေးကောက်ပွဲကို ဒီကနေ့မနက်မှာ တိုင်းရင်းသား ၅ဝဝ လောက် ဝိုင်းဝန်းကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ဆက်လက်ပြီးတော့လည်း အခုလို ဆန္ဒပြသွားမယ်လို့ ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။ အလားတူ ကရင်ပြည်နယ် အတွင်းမှာလည်း ကရင်လူမျိုး အများအပြား နေထိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၁၅၅ အုပ်စု မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့တဲ့အတွက် ရွာသား ၇ဝဝ ကျော် ဆန္ဒပြခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်အကြား ကျောင်းရွာအနီးမှာ ဒေသခံ တိုင်းရင်းသားတွေ စုပေါင်းပြီး ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဒီမနက်မှာ ပြုလုပ်ခဲ့တယ်လို့ ဆန္ဒပြ ခေါင်းဆောင်တဦးက ပြောပါတယ်။

“တိုက်ပွဲကို ဘာကြောင့် ကျနော်တို့ တိုက်ခဲ့ရသလဲ။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့အတွက် ပြည်သူ့တာဝန် ဘယ်လိုရှိတယ်ဆိုတာ ကျနော် ဆွေးနွေး တင်ပြသွားပြီ။ ကျနော်တို့ ဆွေးနွေးတင်ပြတဲ့ အပေါ်မှာ မသိတာရှိလား၊ အားလုံး သဘောပေါက်လား။”

ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်မှာ ရှိတဲ့ ကျေးရွာသား ၅ဝဝ လောက် ဆန္ဒပြခဲ့တယ်လို့လည်း ဒေသခံ ရွာသားတွေက ပြောပါတယ်။ ဆန္ဒပြရတဲ့ အကြောင်းကိုတော့ ဆန္ဒပြ ခေါင်းဆောင်တဦးက အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့ သံဖြူဇရပ်နဲ့ ရေးရထားလမ်း အနီးအနား တပ်နဲ့ ၂ မိုင်အကွာမှာ ကျနော်တို့ တိုင်းရင်းသား အားလုံးက ဆန္ဒပြတယ်ခင်ဗျာ့။ ကျနော်တို့မှာ လူအင်အား ၅ဝဝ ကျော် ရှိပါတယ်ခင်ဗျာ့။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲကို အကောင်အထည် ဖော်ပေးဖို့ရယ်၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုတာကို မပြုလုပ်ပေးဘဲ တဖက်သတ်နဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ရေးဆွဲတယ်၊ အတင်းအဓမ္မ ဆန္ဒခံယူပွဲ ကျင်းပ အတည်ပြုတာရယ်၊ တိုင်းရင်းသား ပြည်သူလူထုသာမက ကမ္ဘာကတောင် လက်မခံဘဲ တရားမျှတမှု မရှိတဲ့ နအဖ စစ်အာဏာရှင်တို့ ကျင်းပသွားမယ့် ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲကို ကျနော်တို့ လူထုအနေနဲ့ ဆန့်ကျင် ဆန္ဒပြရခြင်း ဖြစ်ပါတယ်ခင်ဗျာ။ ကျနော်တို့ ဒီကိစ္စကို ဒီနေရာတင် မကဘဲနဲ့ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို မရောက်မချင်း ကျနော်တို့ ဆက်လက်ပြီး တိုက်ပွဲဝင်သွားမယ်ခင်ဗျ။”

ဒီဆန္ဒပြပွဲကို မနက် ၇ နာရီကနေ စတင်ပြီး ၁ဝ နာရီခွဲမှာ ပြီးဆုံးသွားပါတယ်။ အမြန်စု အမြန်ခွဲစနစ်နဲ့ ဆန္ဒပြခဲ့ရတယ်လို့လည်း ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။ ရေးမြို့နယ်မှာရှိတဲ့ ရွာပေါင်း ၁ဝ ရွာကျော်က ရွာသားတွေနဲ့ သံဖြူဇရပ်မြို့နယ်က ကျေးရွာသားတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဒေသခံ ရွာသူတဦးကတော့ ဆန္ဒပြပွဲ တက်ရောက်ခဲ့ခြင်း အကြောင်းကို အခုလို ပြောပါတယ်။

“ဟုတ်ကဲ့။ ကျမတို့ လူထုရဲ့ ဆန္ဒကတော့၊ ဒီနေ့ ဆန္ဒလာပြရေး အကြောင်းအရင်းက ဒီစစ်အာဏာရှင် ရွေးကောက်ပွဲကို အယုံအကြည် မရှိတဲ့ အတွက်ကြောင့်မို့ စစ်အာဏာရှင်အတွက် သက်ဆိုးရှည်ရေးဖြစ်အောင် လုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက်ကြောင့်မို့ ကျမတို့က လာရောက်ပြီးတော့ ကန့်ကွက်ရခြင်း ဖြစ်ပါတယ်။”

လက်ရှိအချိန်အထိတော့ စစ်အာဏာပိုင်တွေကနေ အရေးယူ ဖမ်းဆီးခြင်း မပြုသေးပေမဲ့ အရေးကြီးတဲ့ ဆန္ဒပြ ခေါင်းဆောင်တွေကတော့ လုံခြုံရေးအရ ယာယီ တိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆန္ဒပြသူတွေဟာ အစိုးရရုံးတွေမှာ ဆန္ဒပြတာ မဟုတ်ဘဲ စစ်အာဏာပိုင်တွေနဲ့ အလှမ်းဝေးတဲ့ နေရာမှာ ဆန္ဒပြခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အလားတူ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသမှာလည်း လူဦးရေ ၇ဝဝ ကျော် ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဒီရက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသခံတဦးက ပြောပါတယ်။

“ကြာအင်းဆိပ်ကြီးမှာ ပြီးသွားပြီ။ အဲဒီ ဖာတလယ်ရွာမှာ။ ဖာတလယ်ရွာကျတော့ လူအင်အား ၇ဝဝ၊ ၈ဝဝ လောက်တော့ ရှိတယ်။ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်။ ပြီးလို့ရှိရင် သူတို့ နယ်ဘက်မှာ အဲဒါ အပိတ်ခံရတယ်။ အပိတ်ခံရတဲ့ အတွက်ကြောင့် သူတို့က ထပြီးတော့ အော်တယ်။”

ကရင်ပြည်နယ် ၇ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကော်မရှင်ကနေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခြင်း မပြုတဲ့ နယ်မြေအဖြစ် သတ်မှတ်ခဲ့တာကြောင့် ကရင်လူမျိုးတွေ အများအပြား နေထိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၁၅၅ အုပ်စု မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့လို့ ဆန္ဒပြခဲ့တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် အတွင်းက ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကနေ တတိုင်းပြည်လုံး ပျံ့နှံ့သွားမယ်လို့လည်း အမည်မဖော်လိုသူ ပြည်တွင်း နိုင်ငံရေးသမား တဦးက သုံးသပ်ထားပါတယ်။ ဒီလို ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆက်လက်ပြီး ပြုလုပ်သွားမယ်လို့လည်း ရေးမြို့နယ်မှာရှိတဲ့ ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။


သတင်း ဗွီအိုအေ

ရွေးကောက်ပွဲကို လူတထောင်ကျော် ဆန့်ကျင် ဆန္ဒပြ

ရွေးကောက်ပွဲကို လူတထောင်ကျော် ဆန့်ကျင် ဆန္ဒပြ

2010-10-25

မကြာခင် စစ်အစိုးရပြုလုပ်မဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းက တိုင်းရင်းသား လူအင်အား တထောင်ကျော်လောက် အောက်တိုဘာလ ၂၅ရက် ဒီကနေ့ မနက်ပိုင်းမှာ စုရုံးဆန္ဒပြခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒီအကြောင်းအပြည့်အစုံကို RFA သတင်းထောက် ကိုမိုးကျော်က အခုလို သတင်း ပေးပို့ထားပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ် အနောက်ဖက်ခြမ်း ၄ မိုင်အကွာမှာ ရှိတဲ့ကျေးရွာတွေက လူထုတွေဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့အဝင်က စစ်တပ်ဂိတ်ဝထိ ကြွေးကြော်သံတွေ ကြွေးကြော်ပြီး ချီတက် ဆန္ဒပြခဲ့တာလို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ကိုဇာနည်သွေးက အခုလိုပြောပါတယ်။

“နအဖကျင်းပပြုလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ပြည်သူလူထုအနေနဲ့ ဆန့်ကျင် တိုက်ဖျက်တဲ့ လူထုလှုပ်ရှားမှု ဆန္ဒပြပွဲပါ။ ဒေသခံ ကြာအင်းဆိပ်ကြီး မြို့နယ်တဝိုက်မှာ ရှိတဲ့ ရှမ်းလူမျိုးတွေ နေတဲ့ကျေးရွာရယ်၊ မွန်လူမျိုးတွေ နေတဲ့ ကျေးရွာရယ်၊ ကရင်လူမျိုးတွေ နေတဲ့ကျေးရွာရယ်၊ ကြာအင်း ဆိပ်ကြီး အနောက်ဖက်က။ ဒီကနေ့ မနက်ကတော့ အင်အား တထောင်နဲ့ တရာကျော် ပါတယ်။ ၂၀၁၀ နအဖ ရွေးကောက်ပွဲ အလိုမရှိဆိုတာကို ကြွေးကြော်ပါတယ်။ ပြီးတော့မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ နောက် ဒီမိုကရေစီ တည်ဆောက်ရေး၊ နောက် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဒို့အရေး ဒို့အရေးဆိုပြီး ကြွေးကြော်ပါတယ်။ ပြီးတော့မှ အရေးတော်ပုံ အောင်ရမည် အောင်ရမည်။ အဲဒါပါ။”

ချီတက်ဆန္ဒပြခဲ့တဲ့ နောက်ဆုံးနေရာဟာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရဲ့ ရှေ့တန်းအခြေချ စစ်ဗျူဟာရုံးရှိတဲ့နေ ရာဖြစ်ပါတယ်။ စစ်အစိုးရအာဏာပိုင်တွေဖက်ကတော့ နှောင့်ယှက်ဟန့်တားတာမျိုးမရှိဘူးလို့လည်းသိရပါတယ်။

အလားတူ ဆန္ဒပြပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့တုန်းကလည်း ကြာအင်းဆိပ်ကြီးနဲ့ ချောင်းနှစ်ခွ ကားလမ်းဘေးမှာ တိုင်းရင်းသား အင်အား ၅၀ဝ ကျော်လောက်က စုရုံးဆန္ဒပြခဲ့တယ်လို့သိရပါတယ်။ ခုလိုလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့လည်း ဆန္ဒပြရာမှာပါဝင်တဲ့ ကိုဇာနည်သွေးက အခုလိုပြောပြပါတယ်။

“မြန်မာနိုင်ငံသူ နိုင်ငံသားတွေဖြစ်တဲ့ ကျနော်တို့ ပြည်သူတရပ်လုံးရဲ့ သဘော ဆန္ဒကိုလည်း မြန်မာတနိုင်ငံလုံးလည်းသိနိုင်အောင် ကျနော်တို့ တကမ္ဘာလုံးကလည်း သိနိုင်အောင် အဲဒီ တခြား တခြားသော ဒေသတွေမှာ ရှိတဲ့ မြန်မာပြည်သားတွေလည်း သူတို့ ရောက်ရှိတဲ့ နေရာမှာ သူတို့ရဲ့ သဘောဆန္ဒကိုလည်း အခုလို ပွင့်ပွင့်လင်းလင်း ပြသဖို့ အချိန်ရောက်ပြီ ဆိုတာကို ပြသဖို့ ကျနော်တို့ ဆန္ဒပြခြင်း ဖြစ်ပါတယ်။”

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် ထိစပ်နေတဲ့ ဒေသတွင်းမှာ စစ်အစိုးရဖက်က ရွေးကောက်ပွဲ ဥပဒေနဲ့ မကိုက်ညီတဲ့ ကြိုတင်မဲတွေ လိုက်လံ ကောက်ယူတာမျိုးတွေ ပြုလုပ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ကရင်ပြည်နယ် အတွင်းက ဒေသအချို့ဟာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်မြေအဖြစ် သတ်မှတ် ကြေညာထားကြောင်း သိရပါတယ်။

ရန်ကုန်မြို့ လုံခြုံရေးတင်းကျပ်



By မသင်းသီရိ တနင်္လာ, 25 အောက်တိုဘာ 2010

ရန်ကုန်မြို့က ရွှေတိဂုံဘုရားအနီးနဲ့ ရန်ကုန်ဆေးရုံကြီးနား အပါအ၀င် တခြားနေရာတချို့မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားသလို လူစည်ကားရာ ကုန်တိုက်တွေမှာလည်း အရင်ရက်တွေကထက် ပိုပြီး လုံခြုံရေးတွေ ချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါဟာ ရွေးကောက်ပွဲရက် နီးလာတာမို့ အခုလို လုံခြုံရေး အခြေအနေတွေ တင်းကျပ်လာတာလို့လည်း ခန့်မှန်းကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ရန်ကုန်က သမိုင်းအစဉ်အဆက် တော်လှန်ရေး အစဉ်အလာ ရှိခဲ့တဲ့ အထင်ကရ နေရာတွေ၊ လူစည်ကားရာ ကုန်တိုက်လို နေရာတွေမှာ မနေ့လောက်ကစလို့ လုံခြုံရေးတွေကို အတော်လေး တိုးမြှင့်ချထားတာ တွေ့ရတယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပြပါတယ်။

“ရန်ကုန်မြို့မှာ လုံခြုံရေး ထူထူထဲထဲ ချထားတဲ့နေရာက အခု ဆူးလေတ၀ိုက်ရယ်၊ ကျောက်တံတားမြို့နယ်ဘက်ရယ်၊ နောက် ရန်ကုန်ဆေးရုံကြီး အနီးတ၀ိုက်ပေါ့၊ အဲဒီဘက်တွေမှာ။ ရွှေတိဂုံဘုရား တ၀ိုက်ရယ်၊ ဘုရားဝန်းကျင် တောင်ဘက်မုခ်၊ အရှေ့ဘက်မုခ်ဘက်၊ ဗဟန်းဘက်မုခ်ပေါ့၊ အဲဒီဘက်မှာတော့ လက်နက်ကိုင် စစ်သားတွေ အခုချိန်ထိ ရှိနေတုန်းပဲ။

“ကုန်တိုက်တွေမှာတော့ သူတို့ ပုံမှန် စစ်ဆေးနေတဲ့ဟာ ရှိတာပေါ့။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ မြေနီကုန်းဘက်မှာကျတော့ ကုန်တိုက်တွေ ရှေ့မှာ လက်နက်ကိုင် စစ်သားတွေရော၊ ရဲတွေရော ရှိတယ်။ အထဲမှာရှိတဲ့ လုံခြုံရေး ၀န်ထမ်းတွေကလည်း ထူးထူးခြားခြားကို ပိုပြီး စစ်တယ်။ အဲဒါကတော့ ဒီဘက် လမ်းမတော် တ၀ိုက်မှာလည်း ပိုပြီးတော့ စစ်ဆေးတာ တွေ့ရတယ်။”

အရင်က လုံထိန်းဝတ်တွေနဲ့လောက်သာ လုံခြုံရေး စောင့်ကြပ်မှုကနေ ဒီရက်တွေအတွင်း စစ်ကားတွေနဲ့ စစ်သားတွေကိုပါ တွေ့ရတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ သတိထားမိတာကတော့ စနေနေ့မှာ ပိုပြီး သိသိသာသာကြီး ပြောင်းလဲလာတာပေါ့။ ညဘက်ကျရင်လည်း လုံခြုံရေးကားတွေ၊ လုံထိန်းကားတွေက မီးရောင်စုံတွေ၊ ၀ါယာလက်တွေ ထွန်းပြီးတော့ ပတ်တာတို့၊ လမ်းတွေမှာ အတားအဆီးတွေ ချတာတို့၊ တွေ့လာရတယ်။

“ခါတိုင်းကတော့ ရဲလုံထိန်းကားတွေ အမြဲတမ်း ပတ်နေတာပေါ့။ တနာရီခွဲ၊ နှစ်နာရီ တစီးလောက်တော့ ပတ်တယ်။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ ရဲလုံထိန်းကားတွေလည်း သုံးစီးတွဲ၊ လေးစီးတွဲ ပတ်လာတာ တွေ့ရတယ်။ ပြီးတော့ လက်နက်ကိုင် စစ်သားတွေလည်း နေရာ ခပ်စိတ်စိတ် ချထားတာ တွေ့ရတယ်၊ ငါးယောက်တတွဲ၊ ခြောက်ယောက်တတွဲပေါ့။ အထူးသဖြင့် မြေနီကုန်း တ၀ိုက်မှာပေါ့။”

နောက်တခါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ နေပြည်တော်ကနေ ရန်ကုန်ကို ရောက်နေပြီး မနေ့ကစလို့ ရန်ကုန်ဆိပ်ကမ်း တိုးချဲ့ရေး အပါအ၀င် အခြားနေရာတွေကို သွားနေတယ်ဆိုတဲ့ သတင်းတွေကြောင့် အခုလို လုံခြုံရေးတွေ တိုးချထားတာလို့ ပြောကြတာ ရှိပေမဲ့ အများစုကတော့ ၁၀ ရက်သာ လိုတော့တဲ့ ရွေးကောက်ပွဲကြောင့်သာ ဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။

“ရန်ကုန်မှာ လုံခြုံရေး တိုးချတာကတော့ အလံအပြောင်းအလဲ လုပ်တာရယ်၊ နိုင်ငံရေးပါတီတွေ မဲဆွယ်နေတာတွေရယ် ဖြစ်နေတဲ့ အခါကြတော့ လူတွေစိတ်ထဲမှာ နိုင်ငံရေးကလည်း အရင်တုန်းကထက် စာရင် ပိုပြီးတော့ နိုးနိုးကြားကြား ရှိနေတဲ့ အချိန်ဆိုတော့ ပိုပြီးတော့ သတိထားပြီး ချထားတဲ့ ပုံစံမျိုးလည်း ဖြစ်နိုင်တယ်။ ကျနော်တို့ သတိထားမိတာကတော့ စနေနေ့မှာ ပိုပြီးတော့ သိသိသာသာကြီး ပြောင်းလဲလာတာပေါ့။”

ရန်ကုန်မြို့ခံ လူငယ်တဦးက သူမြင်တွေ့ခဲ့တဲ့ လုံခြုံရေး အခြေအနေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေလည်း ပိုပြီး တွေ့လာရတာမို့ လုံခြုံရေး အခြေအနေတွေဟာ ဒီ့ထက်ပိုပြီး တင်းကျပ်လာမယ်လို့လည်း မြို့ခံတွေက ပြောကြပါတယ်။



သတင်း ဗွီအိုအေ

စောဘဦးကြီး မူလေးချက်ကို ကားပါမစ်နဲ့ လဲစားလိုက်ခြင်း


DKBA တပ်ဖွဲ့ 

မောင်လှအေး နဲ့  နော်ဆိုင်းရေ ….

…………
နအဖ ကတော့ ဒီကေဘီအေ ကို အစီအစဉ်ရှိရှိနဲ့  ဖျက်ဆီးနေ ပါတယ်။ ဒီလိုဖျက်ဆီးနိုင်အောင် မြိုင်ကြီးငူဘုန်းကြီးက အား တက်သရော ကူညီပေးနေပါတယ်။ ကျနော်ဟာ ဗုဒ္ဓဘာသာ ကရင်လူမျိုး တဦးပါ။ ဖိုးခွားလို့ ခေါ်ပါတယ်။

ကျနော်ဟာ ဟိုး… မယ်နယ်ပလော မြစ်ဆုံအရေးခင်းဖြစ်ပြီးနောက် ဆရာပန်းခက်ရဲ့ အ ဆွယ်ကောင်းမှုကြောင့် ဒီကေဘီအေထဲကို ပါသူဖြစ်ပါတယ်။ ဗိုလ်မြ က ခရစ်ယန်တွေ ကိုပဲ အားပေးတယ် ဗုဒ္ဒဘာသာကရင်တွေကို နှိမ်ထားတယ်။ ဒီမခံခြင်စိတ်နဲ့  ဒီကေဘီ အေထဲကို ၀င်ခဲ့တယ်။
တကယ့် လက်တွေမှာတော့ ဒီကေဘီအေကလည်း ကျနော်တို့ ဗုဒ္ဓဘာသာကရင် အချင်း ချင်းကို နှိမ်လိုက်တာမှ မပြောပါနဲ့ တော့ဗျာ။ ငြိမ်းချမ်းရေးလုပ်ခဲ့ကြတဲ့ ဆယ်နှစ်ကျော်မှာ ဘယ်သူတွေ ကောင်းစားသလဲ။ အာဏာရလာတဲ့ သူတွေပဲ ကောင်းစားတော့ အားပါး.. လက်ကုန် စိတ်ဓါတ်ကျမိတယ်ဝေး။

ခုကြည့်လေ နအဖ က ဘာလုပ်လည်း။ ဒီကေဘီအေကို ကားပါမစ်တွေချပေးနေတယ်။ လက်နက်နဲ့ ပါမစ်နဲ့  လဲတယ်။ ဒီမိုကရေစီနဲ့  ကားပါမစ်နဲ့ လဲတယ်။ ဘောဒါဂတ် ပါမစ်နဲ့  လဲတာလို့ အောက်ခြေရဲဘော်တွေက ပြောနေကြပါတယ်။
အိုး ယောက်ဖရေ…

ကုန်ကုန်ပြောရရင်တော့ သူဂျီးဒေါ်ကြီးကိုပါ ကားပါမစ်နဲ့ လဲစားကြမယ့် ကောင်းတွေပဲ။

ဒီလိုဗျာ သန်းရွှေက ကား ၁၀ စင်း ပါမစ်ချပေးရင်။ နယ်မြေခံ စစ်တိုင်းမှုး၊ ဗျုးဟာမှုးတွေ က ၃ စီးဖိုးယူတယ်။ ဒီကေဘီအေကို ၇ စီးဖို။ဒီကေဘီအေက ၇၀ ရာခိုင်နှုန်း ၊ နယ်မြေခံ နအဖ တွေက ၃၀ ရာခိုင်နှုန်း စားကြတဲ့ သဘောပါ။ ကရင်လူထုကတော့ တစီးမှ မရဘူး ယောက်ဖရ။ မောင်ချစ်သူနဲ့ သူနောက်လိုက်တွေပဲ စားလိုက်ကြတာ။

နယ်စပ်တံခါးပိတ်ခ အနေနဲ့  ဒီကေဘီအေကို ကားပါမစ်တွေပေးပြီး ပါးစပ်ပိက်ထားခိုင်း လိုက်တာပေါ့ကွာ ။ ဒီကေဘီအေ ငြိမ်နေတာက ကားပါမစ်လေးတွေ မျိုးမျိုးမြက်မြက်ရ နေလို့ ပါ။ ကစထမှုး၊ တိုင်းမှုး၊ ဗျူဟာမှုး၊ ဒီကေဘီအေ ခေါင်းဆောင်တွေ ပေါင်းစားကြ တဲ့ သဘောပါပဲ။ ဒီကေဘီအေဟာ တော်လှန်ရေးပြန်လုပ်မလားလို့ မေးရင်တော့ တသိ ညားဘာ (ဘာသိမလဲ) လို့ ပြောရမလိုဖြစ်နေပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ ခေါင်း ဆောင်တွေဟာ ဒေါ်လာသန်းနဲ့ ချီပြီး ချမ်းနေပြီလေ။

မောင်ချစ်သူဆိုရင် ကားပါမစ် အစီး ၂၀၀ ခန့်ရထားပါတယ်။ ဒေါ်လာနဲ့တွက်ရင် ဒေါ် လာ ၁၀ သန်းခန့် ရ ရှိနေပါတယ်။
ဒေါ်လာ ၁၀ ခန့်  ရခဲ့ပြီးဖြစ်တယ်။ကထစမှုး၊ တိုင်းမှုးတွေလည်း အလားတူ ဒေါ်လာ ၁၀ သန်းအထက်စီရခဲ့ကြပါတယ်။
အလားတူပဲ ကထစမှုး၊ တိုင်းမှုးတွေက ၃၀ ရာခိုင်နှုန်း စားကြတဲ့အတွက် ဒေါ်လာ ၃ သန်း စီလောက်တော့ ရပြီးဖြစ်ပါတယ်။

ဒါက ရွေးကောက်ပွဲမှာ လူတွေက အပြောင်းအလဲများဖြစ်မလားလို့ ထင်နေကြတာ။ ယောက်ဖ ၊ငါပြောမယ်။ ဒီကေဘီအေခေါင်းဆောင်တွေကို နအဖ က ငြိမ်ဆေးကျွေး လိုက်ပြီကွ၊ တနည်းအားဖြင့်ပြောရရင်တော့ လက်နက်နဲ့ ကားပါမစ်၊ စောဘဦးကြီးမူလေး ချက်ကို ကားပါမစ်နဲ့ လဲစားလိုက်ပြီလေ။ စောဘဦးကြီးမူလေးချက်က ကားပါမစ်ဖြစ်သွား ပြီကွ။

မြန်မာစစ်တပ်က ဗိုလ်ချုပ်တွေကတော့ ကရင်ဆိုရင် ဘယ်ကရင်မှ မကောင်းဘူး။ မယုံရ ဘူးလို့သူတို့ ပြောနေကြပါတယ်။ ငါတို့ မကြားတကြားပြောတာကွ။ မျောက်အမြီးနဲ့မျောက်ကို ပြန်ချီထားတာလို့ သူတို့ အချင်းအချင်းအရက်ဝိုင်းတွေမှာ စကားကျွံလာလေ့ရှိပါတယ်။ တို့ ပြောတဲ့အတိုင်းမလုပ်ရင် လင်းထင်လို့ ပဲ ဇတ်သိမ်းစေရမယ်လို့ လည်း အမူးလွန်လာရင် ကျွဲခိုးပေါ်သလိုပေါ်နေကြတယ်။

ဒီထဲမှာ ဗိုလ်နှုတ်ခန်းမွေး က တော့ ပြတ်ပြတ်သားသား ရပ်တည်နေဆဲ လို့ သိရပတယ်။ သူက ပေးတာယူကျွေးတာစား ၊ စောဘဦးကြီးမူ လေးချက်အတိုင်း ရပ်တည်နေဆဲဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင်တော့ စောဘဦးကြီးမူလေးချက်ကို ကားပါမစ်နဲ့ လဲမစား ဘူးပေါ့ဗျာ။
ကရင်အကွဲအပြဲမှာ ဘယ်သူတွေကောင်းစားလဲ လို့  ငါပြောမယ်။ မင်းမှတ်ထား။

၁- မြိုင်ကြီးငူဘုန်းကြီး – ဘုရားတည်ခွင့်ရ၊ ကျောင်းဆောက်ခွင့်ရ၊ သွပ်ပြားပါမစ်ရ၊ ဘိ လပ်မြေပါမစ်ရ။
၂- မောင်ချစ်သူ- တနှစ်ကို ကားအစီး ၂၀၀ ပါမစ်ရ
၃- ကစထမှုး – သက်နိုင်ဝင်း – ကား ၂၀ ပါမစ်ရ
၎- တိုင်းမှုး – ထွန်းနေလင်း – ကားပါမစ်ရ၊ ဂိတ်ကြေးတွေရ
၅- စစ်ဗျူဟာမှူး ကျော်နိုင်ဦး၊ နိုင်ဝင်း ဂိတ်ကြေးတွေရ

မြိုင်ကြီးငူ ဘုန်းကြီးက တို့  ဘုန်းကြီးပဲ။ ဒါပေမဲ့ကွာ ဖုန်းကြီးက တလွဲတွေရှောက်လုပ်ခဲ့ တာ။ ကရင်ကိုကွဲအောင်လုပ်တာ သူလာရှင်းပေးတော့ပဲ။ ခုတော့ သူက သန်းရွှေဘုန်း ကြီးဖြစ်သွားပြီ။ သာမညတောင်ဆရာတော်ကြီးဆို မြိုင်ကြီးငူဖုန်းကြီးကို သူဆီမလာနဲ့  တော့လို့ မောင်းထုတ်ခဲ့တယ်။ တို့  ကရင်လူထုကတော့ ဟိုတုံးကလည်း ညာဦးထီး၊ (ငပိ)၊ ဒီနေ့လည်း ညာဦးထီး၊ မနက်ဖြန်ကော ညာဦးထီး ပါပဲလို့ ပြောရင်းနဲ့ပဲ ငါ့စာကို ရပ် တော့မယ်ကွာ နိဂုံးချုပ်လိုက်ပါတယ်။ ငါ ဖိုးခွားပါ ယောက်ဖရေ။ မဲဆောက်က လောက်ခေါင်လေး တပုလင်းလောက် အဆင်ပြေရင် ပို့ လိုက်ပါဦး ယောက်ဖရေ။

ဖိုးခွား

ဒီကေဘီအေ


သတင်း နေသစ်

Monday, October 25, 2010

ဒုတိယ ပင်လုံညီလာခံ ခေါ်ဖို့ NLD နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ကြေညာ

2010-10-24

ဒီကနေ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကျင်းပတဲ့ ဇိုမီး အမျိုးသားကွန်ဂရက် တည်ထောင်ခြင်း ၂၂ နှစ် မြောက် အခမ်းအနားမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အတွက် ဒုတိယအကြိမ်မြောက် ပင်လုံညီလာခံ ခေါ်ယူဖို့ လိုအပ်ကြောင်း လက်မှတ်ရေးထိုး ကြေညာလိုက်ကြပါတယ်။

(Image: RFA)

၂၀၁၀ ရွေးကောက်ပွဲရလဒ်သည် အမျိုးသား ပြန်လည်သင့်မြတ်ရေး အပြောင်းအလဲ ဖြစ်လာနိုင်မည် မဟုတ်သည့်အတွက် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရန် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းမှ စာပိုဒ်အချို့။ (Image: RFA)

အဲဒီ ကြေညာချက်ကို ဦးဝင်းတင်၊ ဦးတင်ဦး စတဲ့ NLD ခေါင်းဆောင်တွေ၊ ဦးအေးသာအောင်၊ ဦးပူကျင်ရှင်းထန်၊ နိုင်ငွေသိန်း၊ နိုင်ထွန်းသိန်း၊ စောဟာရီ၊ စိုင်းရွှေကြူး စတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့အတူ သခင်သိန်းမောင်၊ ဦညွန့်သိန်း စတဲ့ ၀ါရင့် နိုင်ငံရေးသမားများ အပါအ၀င် မြန်မာ့နိုင်ငံရေးမှာ ပါဝင် ပတ်သက်နေတဲ့ လူပုဂ္ဂိုလ် အမြောက်အမြားက လက်မှတ် ရေးထိုးထားတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကို ဦးခင်မောင်စိုး ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ဖို့ အတိုက်အခံ အင်အားစု တောင်းဆို

သတင်း

By မအေးအေးမာ တနင်္ဂနွေ, 24 အောက်တိုဘာ 2010

ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူနိုင်ရေး တောင်းဆိုသည့် ကလေးမြို့ ကြေညာစာတမ်း။

ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူနိုင်ရေး တောင်းဆိုသည့် ကလေးမြို့ ကြေညာစာတမ်း။

ထပ်ဆင့် ဖြန့်ဝေရန်

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲဟာ ပြည်သူတွေ လိုလားတဲ့ အပြောင်းအလဲ တရပ်ကို ပေးစွမ်းနိုင်တဲ့ ရွေးကောက်ပွဲမျိုး မဟုတ်တဲ့အတွက် ဒုတိယအကြိမ် ပင်လုံညီလာခံမျိုး ခေါ်ဆိုနိုင်ဖို့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ ၀ါရင့် နိုင်ငံရေးသမားကြီးတွေက တောင်းဆိုလိုက်ကြပါတယ်။ ဒီတောင်းဆိုချက်ကို စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဒီနေ့ပဲ ဆုံးဖြတ်ချက် ကြေညာစာတမ်းတစောင် ထုတ်ပြန်ပြီး လက်မှတ်ရေးထိုးခဲ့တာပါ။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

ကလေးမြို့မှာ ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီရဲ့ ၂၂ နှစ်မြောက် နှစ်ပတ်လည်နေ့လုပ်ချိန် အောက်တိုဘာလ ၂၄ ရက်နေ့မှာပဲ ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းကို တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဒီမိုကရေစီ အင်အားစုက ခေါင်းဆောင်တွေ စုပေါင်းပြီး သဘောတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ကြေညာချက်ထဲမှာတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မယူဆတာကြောင့်လို့ ဆိုပါတယ်။

ကြေညာချက်စာတမ်းကို ဖတ်ကြားခဲ့တဲ့ ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီက တိုင်းရင်းသားခေါင်းဆောင် ဦးကျင့်ရှင်းထန်ကတော့ သူတို့ရဲ့ သဘောတူညီချက် အချက် ၃ ချက်နဲ့အတူ သူတို့ ဘာကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံနိုင်ခြင်း မရှိဘူး ဆိုတာကို အခုလို ပြောပြပါတယ်။

“သဘောထားကတော့ ကျနော်တို့အားလုံး သဘောတူတာပဲ။ အားလုံးက အချက် ၃ ချက်ပါတယ်။ အဲဒီအချက် ၃ ချက်မှာ ပြည်သူလူထုအားလုံး တောင့်တနေတဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့၊ အခု နေရာတကာမှာ လူ့အခွင့်အရေး မရဘူး၊ လူလူချင်း တန်းတူရေး မရှိဘူး၊ ဒုတိယအချက်မှာတော့ အဲဒါတွေကို အခုရွေးကောက်ပွဲနဲ့ ဘယ်တော့မှ ပြောင်းလဲနိုင်မယ် မဟုတ်ဘူး။

“တကယ် ပြောင်းလဲရမှာကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီ ဘက်တော်သားတွေက ဆွေးနွေးပြီး ဒုတိယအကြိမ် ပင်လုံညီလာခံလုပ်ရင် ကျနော်တို့အားလုံး သဘောတူ လုပ်ကြတာပါ။ ကျနော်တို့ ခံယူချက်က အဲဒါပဲ။ အစည်းအဝေး မပြီးသေးတော့ ဘယ်သူ၊ ဘယ်နှစ်ယောက် ထိုးမယ်ဆိုတာ၊ ပြီးတော့လည်း အများကြီး ထိုးမယ်ဆိုလည်း ထိုးမှာပါ။ ဒီမှာတော့ လူ ၁,၀၀၀ ကျော်လောက်ရှိတယ်။ ဒါပေမဲ့ အများကြီးတော့ မလိုဘူး။”

အခုလိုမျိုး တိုင်းရင်းသားခေါင်းဆောင် အားလုံးနဲ့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ခေါင်းဆောင်တွေ၊ ၀ါရင့် နိုင်ငံရေးသမားကြီးတွေ လက်မှတ်ရေးထိုး သဘောတူထားတဲ့အတိုင်း ဒုတိယအကြိမ် ပင်လုံညီလာခံကြီး ခေါ်မယ့်ကိစ္စဟာ လာမယ့် စစ်အစိုးရ ကျင်းပမယ့် နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်နိုင်မယ့် အလားအလာ ရှိပါသလားလို့ မေးတဲ့အခါမှာတော့ ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းကို လက်မှတ်ရေးထိုးရာမှာ ခေါင်းဆောင်ပါဝင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုဦးဆောင် ကော်မတီဝင် ဦးဝင်းတင်က အခုလို ပြောပြပါတယ်။

“ရွေးကောက်ပွဲ မတိုင်ခင်ကတော့ မလုပ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကုန်လုံး ဒါတွေက ညှိနှိုင်း ဆွေးနွေးရမှာတွေ အများကြီး ရှိသေးတာကိုး။ သို့သော် ကျနော်တို့ရဲ့ ရည်မှန်းချက်ကိုက ဆိုလိုတာက ဒုတိယ ပင်လုံညီလာခံရဲ့ အနှစ်သာရက ဒီနေ့ ပေါ်ပေါက်နေတဲ့ နိုင်ငံရေး ပြဿနာတွေဟာ ဒီအတိုင်းတော့ ဖြေရှင်းလို့ မရဘူး။ ဒုတိယ ပင်လုံညီလာခံမျိုး ကျင်းပပြီးတော့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းသွားမှ ရမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အဲဒါကြောင့် အဲဒီညီလာခံကြီးကို အမြန်ဆုံး ကျင်းပသွားနိုင်အောင် ကြိုးပမ်းမယ်ပေါ့ဗျာ။

“ဘယ်တော့လုပ်ဖြစ်မယ် ဆိုတာတော့ ပြောလို့ မရပါဘူး။ ကျနော်တို့ အတွင်းမှာ ပြောသွားတဲ့ အတိုင်းပဲ အမြန်ဆုံး ကျင်းပသွားနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်ထားတဲ့ အတိုင်းပဲ တတ်နိုင်သမျှတော့ အခြေအနေပေးရင် ပေးသလို လုပ်သွားမှာပါ။”

ဒီသဘောတူညီချက် ရဖို့အတွက် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့က ကြိုးစားလုပ်ဆောင်ခဲ့ကြပြီး ၀ါရင့် နိုင်ငံရေးသမားကြီးတွေကလည်း ပူးပေါင်းပါဝင် သဘောတူ လက်မှတ်ရေးထိုးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီသဘောတူညီချက် လက်မှတ်ရေးထိုးမှုကို ကြိုတင် စီစဉ်ထားကြတာ ဖြစ်ပြီး ဒီနေ့မှာပဲ ကလေးမြို့မှာ ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။


သတင်း ဗွီအိုအေ

Sunday, October 24, 2010

တပ်မတော်သားများ လူထုဖက်ကရပ်တည်နေပြီး

မတ်လ (၂၇) ဖက်စစ် ဂျပန်တော်လှန်ရေးနေ့ စစ်ချီတတ်နေပုံ

သတင်းထူး


မန္တလေး တိုင်း လက်အောက်ခံ တပ်ရင်း နှင့် ဗျုဟာလက်အောက်ခံ တပ်များ အား ဗိုလ်ချုပ်မှုးကြီးသန်းရွှေ
ဦးဆောင်သော် ကြံ့ဖွတ်ပါတီအားမဲပေးရန် နှင့် စည်းရုံး ပေးရန် တပ်မှုးတပ်သား များအပြင် တပ်မတော်သားသားသမီး ကျောင်းသား အားလုံး လူထုစည်ရုံးပေးရန် ။
နေပြည်တော်မှ မန္တလေး တိုင်း လက်အောက်ခံ တပ်ရင်းအသီးသီး အား ညွန်ကြားချက် သော်လည် ။ မန္တလေး တိုင်း လက်အောက်ခံ တပ်ရင်း ခမရ (၃၁၅) ခမရ (၁၁၃) တို့မှ လက်မခံကြောင်းသိရှိ၇သည်။ လက်ရှိ တပ်ရင်းအသီသီး
ဆိုးဝါးစွာ စားဝတ်နေရေးကြတ်တဲနေသော် ၄င်း ပြသာနာအားပြေလည်အောင် ဖြေ ရှင်း ပေးရန် အထက်သို တင်ပြထားသော်လဲ အောက်ခြေ ရဲဘော်များ တင်ပြမှုများကို ပြေလည်အောင်ဖြေရှင်းပေးမှု မရှိဘဲ ။ မတရာသော်ရွေကောက်ပဲအားထောက်ခံပေးရန်ဖိအားပေး နေပြည်တော်အမိန်နှင့် ညွန်ကြားချက်အား ဆန့် ကျင်နေ ကြောင်း သတိရှိရပြီး။
ကြံ့ဖွတ် နာယက ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် စက်မှု ၀န်ကြီး အောင်သောင်း ။နောက်ထပ်အာဏာရ ကြိုးစားနေကြောင်း။

(သတင်းမှတ်ချက်) ရွေးကောက်ပွဲအားပြတ်သားစွာဆန်ကျင်နေသော် တပ်မတော် သား ရဲဘော်များအား လေးစားစွာ အလေးပြုလိုက်ပါတယ် ။



သတင်း အေမင်


ရန်သူမှ ရှမ်မြောက် ကို စစ်ဆင်ရေးတိုးမြင့်

အပစ်ရပ် SSA (တပ်မဟာ ၁) ဌာနချုပ်သို့ နအဖတပ်များ ချဉ်းကပ်


ယခုလလယ်ပိုင်း အမည်မသိလက်နက်ကိုင်တစုက နအဖ စစ်တပ်အရာရှိနှင့် ပုလိပ်စခန်းအား ပစ်ခတ်တိုက်ခိုက်ခံရပြီး နောက်ပိုင်း အပစ်ရပ်သျှမ်းပြည်တပ်မတော် ဌာနချုပ်ဝမ့်ဟိုင်းအနီးသို့ မြန်မာစစ်တပ်များအင်အားတိုးဖြည့် လှုပ်ရှားချဉ်းကပ် လာနေကြောင်း စုံစမ်းသိရှိရပါသည်။

“လွယ်လင်အခြေစိုက် ခလရ ၉ က အင်အား ၈၀ နဲ့ ၀မ့်ဟိုင်း တောင်ဘက်ခြမ်း မိုင်းနန်း ကျေးရွာ အုပ်စုဝင် ၀မ့်ဇါတ် ဂျူတောင်းကျေးရွာဘက်မှာ ချဉ်းကပ်လာတာ” ဟု နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောပါသည်။

ကျေးသီးအခြေစိုက် ခလရ ၁၃၁ ကလည်း အင်အား ၆၀ ဖြင့် မိုင်းကောဝ် (၀မ့်ဟိုင်းအရှေ့မြောက် ဘက်) မှ နောင်ဆွမ်း ပန်ယိမ်း ပန်မုန့်ရွာဘက်သို့ လှုပ်ရှားနေကြောင်းဆက်၍ပြောပြပါသည်။

“အဲဒီတပ်တွေအပြင် ပန်စေရွာဘက်ကနေ ကတ်ဝိန်းကျေးရွာအုပ်စု (ကျေးရွာ ၅ ရွာဘက်) လှုပ်ရှားနေတဲ့စစ်ကြောင်းတခုက လဲ ဘယ်ရွာရောက်ရောက် ယူချင်တာတွေအကုန်ယူပဲ၊ ဗမာစကားမပြော တတ်တဲ့ ရွာသားတွေကို ရိုက်နှက်ကန်ကျောက် တယ်”- ဟု လားရှိုးရောက် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတဦးက ပြောပါသည်။

ထို့အတူ မိုင်းရှူးဒေသခံတဦးကလည်း(ကွန်ဟိန်းဗျူဟာ လက်အောက်ခံ) ခလရ ၂၄၆ က အောင်ဆန်းဦး ဦးဆောင်သည့် အဖွဲ့ ဟိုင်းပါကျေးရွာအုပ်စုဝင် မိုင်းဆတ်ရွာ၊ နမ့်ပူ၊ နမ့်ပုတ်၊ လွယ် ရွဲ၊ နောင်ခေတ်၊ ဟိုင်းပေကျေးရွာဘက်မှ ၀မ့်ဟိုင်းဌာန ချုပ် အရှေ့တောင်ဘက်ပိုင်းသို့ချဉ်းကပ်နေ သည်ဟု ဆို၏။

နမ့်ပန်ချောင်းအရှေ့ဘက်ခြမ်း မိုင်းအွတ်တိုက်နယ်မှတဆင့် နအဖစစ်ကြောင်းတကြောင်းကလည်း အသွင်ပြောင်းရေး လက်မခံသည့် ဗိုလ်ချုပ်ပန်ဖှာ့ခေါင်းဆောင် သျှမ်းပြည်တပ်မတော် ၀မ့်ဟိုင်း ဌာနချုပ်ဘက် ချဉ်းကပ်လာနေကြောင်း အပစ် ရပ် SSA အရာရှိတဦးက အတည်ပြုပါသည်။

အဆိုပါ နအဖ စစ်ကြောင်းများသည် ရောက်ရာကျေးရွာမှ ရွာသားများအား ဆင့်ခေါ်ပြီးလမ်းဘေး တလျှောက် ပေ ၅၀၀ (၁၀၀ လံ) အတွင်းခြုံဘုတ်များခုတ်ထွန်ရှင်းလင်းခိုင်းသည်ဟု ကျေးသီးမြို့ခံ လူငယ်တဦးက ပြောပြပါသည်။

အပစ်ရပ်သျှမ်းပြည်တပ်မတော်ဥက္ကဌဟောင်း ဦးလွယ်မောဝ်နှင့် ဦးကိုင်ဖှ ဦးဆောင်သည့် ဆိုင်ကျောဝ့်(စိန်ကျော့)ဌာနချုပ်၊ မိုင်းခေးအခြေစိုက် တပ်မဟာ ၃ နှင့် ကာလိ အခြေစိုက် တပ်မဟာ ၇ တို့ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းပြီးနောက်ပိုင်း ဗိုလ်ချုပ်ပန်ဖှ ဦးစီးသည့် ၀မ့်ဟိုင်းအခြေစိုက် တပ်မဟာ ၁ တပ်ဖွဲ့က တပ်ဖွဲ့စည်းပုံအသစ်ပြန်လည်ရေးဆွဲပြီး သျှမ်းပြည် တပ်မတော်နာမည်ဖြင့် ဆက်လက်ရပ်တည်သည်။

ယခုနှစ် စက်တင်္ဘာလအတွင်း နအဖ စစ်တပ်က ဗိုလ်ချုပ်ပန်ဖှတပ်ဖွဲ့အား သုံးကြိမ်တိုင်တိုင် ကျူးကျော်ရန်စ တိုက်ခိုက်ခဲ့ပါ သေးသည်။


သတင်း သျှမ်းသံတော်ဆင်

နအဖစစ်အုပ်စု ဗကပ တပ်ဖွဲ ဟောင် UWSA ဒေသမှ မူယစ်ဆေးဝါးများ ကို ပြည်ပသို့တင်ပို့

တာချီလိတ်မြို့တွင် ရာဘခေါ်စိတ်ကြွဆေး ခုနှစ်သောင်းကျော်ဖမ်းဆီးရမိ\

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
အောက်တိုဘာလ ၂၁ ရက်၊ ၂၀၁၀ ခုနှစ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း ရာဘခေါ် စိတ်ကြွဆေးပြား ခုနှစ်သောင်း ကျော် ဖမ်းဆီးရမိခဲ့ သည်။

တာချီလိတ်မြို့ အနောက်မြောက်ဖက်ခြမ်း ငါးကီလိုခန့်အကွာရှိ ပါချလိကျေးရွာတွင်ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဒေသ ခံတစ်ဦးက ယခုလိုပြောသည်။

အားခါရွာက ပြည်သူ့စစ်ခေါင်းဆောင် ဦးမင်းကိုတဲ့။ သူက ရှမ်းလူမျိုးလေ။ ရာဘဆေးပြား ခုနှစ် သောင်း နဲ့ လေးထောင်မိတယ်တဲ့။

လွန်ခဲ့သည့် လေးရက်ခန့်က ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းအား တာချီလိတ်ရဲစခန်းတွင် ထိန်းသိမ်း ထားသည်ဟု သိရ သည်။

ဖမ်းဆီးခံရသူမှာ ပိုင်ရှင်သူဌေး၏ ပစ္စည်းအားသယ်ပို့ပေးရာ၌ ပစ္စည်းတချို့ကို ယူထားသည့် အတွက် သူဌေးက မကျေနပ်၍ အာဏာပိုင်ထံ သတင်းပေးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံက ဆက်ပြောသည်။

နောက်ပိုင်းမှာ သူဌေးက သူ့ရဲ့တခြားကလူတွေနဲ့ အဲဒီမင်းကိုဆီမှာဆေးသွားဝယ်ခိုင်းတယ်လေ။ အဲ့ဒီ မှာ သူထုတ်ရောင်းလာတာက သူဌေးရဲ့ပစ္စည်းတွေဖြစ်နေတော့ သူဌေးက မကျေမနပ်ဖြစ်ပြီး ပစ္စည်း အားလုံးဝယ်မယ်လို့ချိန်းလိုက်ပြီး တဖက်လှည့်နဲ့ ရဲကိုတိုင်လိုက်တော့ အဲ့ဒီမှာ ဖမ်းမိတာ။

ထို့အပြင် တာချီလိတ်မြို့ခံ အခြားတစ်ယောက်ကလည်း လွန်ခဲ့သည့် ၁၀ ရက်ခန့်က တာချီလိတ်မြို့ပေါ် တာလော့ရပ်ကွက်ရှိ Nine star တည်းခိုခန်းတွင် တည်းခိုနေသည့် စိတ်ကြွဆေးသယ်ဆောင်သူ နှစ်ဦးထံမှ ဆေး ပြားတစ်သောင်းကျော် ဖမ်းမိခဲ့သည်ဟု ယခုလို ပြောသည်။

သတင်းရလို့ထင်တယ်။ အဲဒီလူသုံးယောက်ကို ၀င်စစ်တော့ နှစ်ယောက်ကတော့ မိသွားတယ်။ တစ် ယောက်က ထွက်ပြေးသွားတယ်ဗျ။ မိသွားတဲ့ထဲက တစ်ယောက်ကရခိုင်ဗျ။ သူ့နာမည်က ကိုလှမောင် တဲ့။ ကျန်တဲ့တစ်ယောက်တော့ ကျနော်လည်း မသိဘူး။

ဖမ်းမိသူ၏ ပြောပြချက်အရ မိုင်းဆတ်မြို့နယ်ဖက်မှသယ်ယူလာခြင်းဖြစ်ပြီး ပိုင်ရှင်အား သက်ဆိုင်ရာမှဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

အလားတူ လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်ကျော်ကလည်း ထိုင်းနိုင်ငံမြောက်ပိုင်း မိန်းဖန် ဒေသသို့ ၀င်ရာက်လာ သည့် ရာဘဆေးပြားများကို ထိုင်းအာဏာပိုင်တို့က ဖမ်းဆီးရမိ ခဲ့ကြောင်းနှင့် ယင်းပစ္စည်းများမှာ ဂျပီးကွယ် ဦးဆောင်သည့် လားဟူပြည်သူ့စစ်တပ်ဖွဲ့၏ ပစ္စည်းများဖြစ်သည်ဟု ရှမ်းသံတော်ဆင့်သတင်း လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်က ယခုလိုပြောသည်။

“(၀) အဖွဲ့နဲ့ ဆက်နွယ်တဲ့ တရုတ်ကုန်သည်အသိုင်းအ၀ိုင်းကလာတယ်ဆိုရင် သူတို့က ကမ္ဘာလုံးကို ခြင်္သေ့ခြေထောက်နဲ့ နှစ်ဖက်နင်းထားတဲ့ တံဆိပ်ဖြစ်တယ်။ အခုမိလိုက်တဲ့ဟာက A1 တံဆိပ်ဖြစ်တယ်။ အဲဒီ A1 တံဆိပ်က ဂျပီးကွယ်တို့အဖွဲ့ လားဟူပြည်သူ့စစ်အဖွဲ့ရဲ့ အမှတ်တံဆိပ်ပဲတဲ့။

စစ်အစိုးရက ရှမ်းပြည်နယ်အတွင်း ဌာနေပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့များ ဖွဲ့စည်းပေး ထားသော်လည်း စံနစ်တကျဖွဲ့ထားခြင်းမရှိဟု ဒေသခံများကပြောကြောင်း ၎င်းကဆက် ပြောသည်။

သူတို့ဖွဲ့လိုက်ပြီးတော့ အခမ်းအနားတွေလုပ်ပြီးတဲ့နောက်ပိုင်း တချို့ပြောတာ သူတို့အရင်က ပုံစံအ တိုင်းပဲ ဘိုနေမြဲ၊ ကျားနေမြဲ ပြန်နေကြတယ်တဲ့။ နာမည်ကတော့ ပြောင်းတာပေါ့။ ဒါပေမယ့် စံနစ် တကျ ပုံစံမျိုး regular တပ်ပုံစံမျိုး မဟုတ်ဖူးတဲ့။

ရှမ်းပြည်နယ်အတွင်း ဌာနေပြည်သူ့စစ်တပ်ဖွဲ့စည်းပေးခြင်းသည် ယင်းအဖွဲ့များအားတရားဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချခွင့် ပေးလိုက်ခြင်းသာဖြစ်သည်ဟု တာချီလိတ်မြို့ခံများက သုံးသပ်ပြောဆိုသည်။

အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည်ဘိန်းစိုက်ပျိုးမှု အများဆုံးနှင့် ကမ္ဘာပေါ်တွင် ဘိန်းထုတ်လုပ်မှု ဒုတိယ အများဆုံးနိုင်ငံဖြစ်သည်ဟု မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး UNODC အဖွဲ့၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။


သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။

Friday, October 22, 2010

တပ်မ (၂၂) မှ ရဲဘော်များ ဗိုလ်ချုပ်အောင်ဆန် လမ်းစဉ် အတိုင်းရပ်တည်

ဗမာ့တပ်မတော် တပ်မ (၂၂) အမှတ်တံဆိပ်


အထူးသတင်း
နေပြည်တော် မှ ညွှန်ကြားချက်ဖြင့် ။ နည်ဗျူဟာ မှုး ဦးဆောင် ပြီး ။ ရွေးကောက်ပွဲ တွင် ဗိုလ်ချုပ်မှူ ကြီး သန်းရွှေ နာယက ဖြစ်သော် ကြံ့ခိုင်ဖွင့်ဖြိုးရေး အား မဲပေးရန်နှင့် ထောက်ခံပေးရန် ။လူထုအား ဖိအားပေးစည်းရုံးရန် ညွန်ကြားချက် အား တပ်မ (၂၂) လက်အောက်ခံ ကရင်ပြည်နယ် မြိုင်ကလေး အခြေစိုက် ခမရ (၂၀၃) ခမရ(၂၀၄) တပ်ရင်းများ အမိန့် ပေးခဲ့ ။ အထက်ပါညွှန်ကြားချက်နှင့်ပတ်သက်ပြီး ၄င်းတပ်ရင်းမှ တပ်မှုးများ ဗိုလ်ကြီးများ။ တပ်မှုး ။အကြပ်တပ်သားများ ။ရဲဘော်များ ရဲမေများမှ ဗိုလ်ချုပ်မှူ ကြီး သန်ရွှေဦးဆောင် သော် ကြံ့ ဖွတ် အဖွဲအား မထောက်ခံကြောင်း။ ရွေးကောက်ပွဲ အား ဆန့် ကျင်ပြီး ။ပြည်သူလူထုအား လက်နက်အားကိုးဖြင့် အတင်းအကြပ် ဖိအား ပေးခြင်းမျိုးကို ပြတ်သားစွာ ဆန်ကျင်ပြီး။ ၄င်းတပ်ရင်းမှ ဗိုလ်ကြီးနှင်တပ်သား ရဲဘော် ရဲမေ များသည် ။ပြည်သူလူထု သဘောထားတိုင်း ရွေးကောက်ပွဲအား ပြတ်သားစွာဆန့် ကျင်ပြီး ။ ပြည်သူလူထု နှင့် ဒေါ်အောင်ဆန်းစုကြည်ဖက်နေ ရပ်တည်လိုက်ကြောင်း သတင်းရ ရှိ။ ဗိုလ်ချုပ်အောင်ဆန်း စိတ်ဓါတ်ဖြင့် ပြည်သူနှင့်ချစ်ကြည်ဖြု ခါ မှန်ကန်သော် သမိုင်းမှန် ကို ရေးလိုက်ပြီး။။

(မှတ်ချက် ) တပ်မ (၂၂) လက်အောက်ခံ တပ်ရင်း ရဲဘော် ရဲမေ များ အား လေးစားစွာ ဖြင့် အလေးပြုလိုက်ပါ သည်။




သတင်း အေမင်

Wednesday, October 20, 2010

ခလရ (၅၅) မှ တပ်မတော်သားများ ဗိုလ်ချုပ်အောင်ဆန်း လမ်စဉ်း အတိုင်းချီတတ်နေပြီး

မတ်လ(၂၇) ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့  စစ်ချီတတ်နေပုံ
အထူးသတင်း

ရခိုင်ပြည်နယ် အခြေ စိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေလျှင် တပ်ရင်း (၅၅) မှ ရဲဘော်များအားလုံး အ ခြားတပ်ရင်းများနှင့် တပ်မှူးများ ။ နေပြည်တော်၏ ကကကြီး ညွှန်ကြားချက် ဖြစ်သော်
ကြံ့ဖွတ် အား ထောက်ခံမဲပေးရေး အား ပြတ်သားစွာ ဆန့် ကျင် ကြောင်း သိရှိ ရပြီ။ ပြည်သူချစ်သော် လွတ်လပ်
ရေးဖခင် ဗိုလ်အောင်ဆန်း သမီး ဒေါ်အောင်ဆန်းစုကြည် ဖက် ပြတ်သားစွာထောက်ခံလိုက်သည်။
တပ်မတော်သားများ အနေဖြင့် စာဝတ်နေရေး အခက်အခဲ ကြားထဲမှ ဘ၀အတွတ် ခက်ခဲစွာရုန်ကန်နေ ရပြီး မိသားစုအရေး ဖြေရှင်း ရသော်လည်း ။ အထက် အရာရှိများ ၏ အမိန့် များ ကို ဆန့်ကျင်ပြီး မလိုလားအပ်သော် အထက်မှ အပြစ်ပေးရေးယူမူ ကို ဘယ်တပ်မတော်မှ မလိုလားပေး နောက်ဆက်တွဲ ပြသာနာများ လိုလားပေ ယခုအချိန်မှာ ပြည်သူ လူထုခေါင်းဆောင်ဒေါ် အောင်ဆန်းစုကြည်ဖက် မှနေ ပြီးပြတ်သားစွာ ရပ်တည် နေလိုက်ပြီး။။။ အထက်ပါသတင်းနှင်ပက်သက်ပြီး မိမိ မိတ်ဆွေများနှင် တိုင်းသားများဖြစ်သော် ကရင်။ချင်း ။ရှမ်။ ကယား။ ညီအကိုယ်တော်များ ပြောပြရာ ။ အားလုံးသော် လုငယ်များ မှာ ယခုလုပ်ရပ်အား အမှန်တရားဖြစ်သော်ကြောင့် အားပေးထောက်ခံ ကြောင်း ၀မ်သားကြိုဆိုကြောင်း သတင်း ရ ရှိ။။။

(မှတ်ချက်) ရဲဘော်တို့ ရဲ့ မြင့်မြတ်တဲ့စိတ်ထားနဲ့  ။မှန်ကန်တဲ့လုပ်ရပ် ပြည်သူဘက်ကရပ်တည်မှု ကို လေးစားစွာ
အလေးပြုလိုက်ပါ တယ်။ မိမြေ လွှတ်မြောက်ရေးအတွတ် သင်တို့ နှင့် အတူ လက်တွဲခါ တိုတ်ပွဲ ၀င်သွားမည်။။။

၈၈ မျိုးဆက်
အေမင်

Tuesday, October 19, 2010

၇န်သူမှ မိုးညှင်း နှင့် ဟိုပင်မြို့ ရှိ KIO ရုံး အား ဆီးနှင်းသိမ်ပိုက်

တရုတ်နယ်စပ်တနေရာ
အထူးသတင်း


ကချင်ပြည်နယ် မိုးညှင်း နဲ့  ဟိုပင် မှာ ရှိသော် ကေအိုင်အို ရုံးအား လျှက်တပြက် ၀င်ရောက်သိမ်ပိုက် လိုက်ပြီး
ကေအိုင်အို ဆက်ဆံရေးရုံး ဗိုလ်ကြီး ခေါင်လွန်း နှင့် ရဲဘော်နှစ်ဦး လဲ ဖမ်ဆီး ခံလိုက်ရကြောင်း ။ ဒုစစ်ဦးစီချုပ် ဂွမ်မော်က လဲ ဘီဘီစီ အသံလွင် ဌာန ကို ထုတ်ဖေါ်ပြောဆိုလိုက်ပြီး ။

KIA အနေဖြင့် လဲ လဂျားယံ မှ စစ် ဗျူးဟာ အရ ရေးပါသော် ရန်သူတပ်စခန်း နှစ်ခုအား ၀ိုင်းထား ပြီး ထိပ်တိုက်ရင်ဆိုင်မှုများ ရှိနေသည် ဟုသတင်းရှရှိ။။။ ရန်သူမှာ ရှေမြောက်ပိုင်တိုင်၏ ညွှန်ကြားချက်ကို စောင်ဆိုင်းနေပြီး ။ KIA ဖက်မှာတော့ စစ်ရေးပြင်ဆင်မှု အသင်ဖြင့် ထိုးစစ်ဆင်သည် ဟု သိရသည်။။။


သတင်း အေမင်

မြိုင်ကြီးငူဘုန်ကြီး ပြသာနာ ရွာမဟုတ်ဘူ မြ၀တီမြိုပါ ပတ်နေ

DKBA စစ်ရေးပြနေပုံ

နအဖတပ်နှင့် ဒီကေဘီအေအကြား တင်းမာမှု ဗိုလ်ချုပ်သက်နိုင်ဝင်း ဖြေရှင်းမည်

Submitted by Karen Information Center on Monday, 18 October 2010
အောက်တိုဘာ ၁၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်စပ် မြ၀တီမြို့တွင် ဆက်လက်တင်းမာနေဆဲဖြစ်သည့် နအဖစစ်တပ်နှင့် ဒီကေဘီအေတို့ကြား ပြဿနာကို ကာ ကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၄) ဗိုလ်ချုပ်သက်နိုင်ဝင်းကိုယ်တိုင် လာရောက်ဖြေရှင်းမည်ဟု ဒီကေ ဘီအေဘက်က ပြောသည်။

နယ်ခြားစောင့်တပ် လက်မခံသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)တပ်မှူးတဦးက မြ၀တီမြို့အတွင်းရှိ ၎င်းတို့နှစ်ဖွဲ့၏ တင်းမာမှုကို ယခင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့သူ ဗိုလ်ချုပ်သက်နိုင်ဝင်း လာရောက်ဖြေရှင်းမည်ဖြစ်ကြောင်း ယခုလို အတည်ပြုပြောဆိုသည်။

“မနက်ဖြန်ကျရင် သက်နိုင်ဝင်း တက်လာမယ်လို့ ကျနော်တို့ သတင်းရတယ်။ တက်လာတဲ့အကြောင်းအရင်းကတော့ တခြား ကိစ္စတွေပါသလို လက်ရှိ ဆက်လက်တင်းမာနေဆဲဖြစ်တဲ့ ကျနော်တို့တပ်ဖွဲ့နဲ့ နအဖတပ်ဖွဲ့တို့ကြားက ပြဿနာရယ်၊ နယ်ခြား စောင့်တပ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ လာရောက်ဆွေးနွေးကြမယ်လို့ သိရပါတယ်။”ဟု ကေအိုင်စီကို ပြောသည်။

ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သည့် ဒုဗိုလ်မှူးကြီးစောကျော်သက် ဦးဆောင်သော ဒီကေဘီအေ တပ်ရင်း (၉၀၂)နှင့် မြ၀တီမြို့ရှိ နအဖစစ်တပ်အကြားမှ တင်းမာမှုပြဿနာမှာ ယခုအချိန်ထိ ညှိနှိုင်းအဖြေရှာခြင်း မရှိသေးဘဲ ဆက်လက်တင်းမာနေသည့်အ တွက် ဗိုလ်ချုပ်သက်နိုင်ဝင်းကိုယ်တိုင် လာရောက်ဖြေရှင်းခြင်းဖြစ်နိုင်ကြောင်း အမည်မဖော်လိုသည့် ဒီကေဘီအေနှင့် နီးစပ်သူ တဦးက ပြောသည်။

ဗိုလ်ချုပ်သက်နိုင်ဝင်း၏ ယခုခရီးစဉ်သည် နယ်ခြားစောင့်တပ်ပြောင်းရန် ငြင်းဆန်နေသည့် ဒီကေဘီအေ တပ်မဟာ(၅)မှူး ဗိုလ်မှူးကြီးစောလားပွယ်နှင့် ဗိုလ်မှူးချုပ်စောထင်မောင် ဦးစီးသည့် ကရင်ငြိမ်းချမ်းရေးကောင်စီကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကိစ္စ လာရောက်ဆွေးနွေးရန်ရှိသည်ဟု ဒီကေဘီအေအသိုင်းအ၀ိုင်းနှင့် မြ၀တီမြို့ခံများက ပြောသည်။

မြ၀တီမြို့ခံတဦးက “မနက်ဖြန်ကျရင် တက်လာမယ်။ ၂၁ရက်နေ့အထိကြာမယ်လို့ကြားတယ်။ လာတဲ့ကိစ္စကတော့ နယ်စပ်မှာ ရှိတဲ့ တပ်မှူးတပ်သားတွေအခြေအနေကို လာရောက်လေ့လာတာရယ်။ နောက်ပြီး နယ်ခြားစောင့်တပ်ပြောင်းဖို့အတွက် ငြင်း ဆန်နေတဲ့ ဒီကေဘီအေ လက်ကျန်တွေ၊ ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့တွေကို လာဆွေးနွေးတာ ဖြစ်နိုင်တယ်။”ဟု ပြော သည်။

ပြီးခဲ့သည့် နှစ်ရက်ခန့်က မြ၀တီမြို့တွင်းရှိ ရဲစခန်းသို့သွားရာ လမ်းကြောကို ညဖက်တွင် လုံခြုံရေးများ ချထားသလို ဒီကေဘီ အေမှ ဒုဗိုလ်မှူးကြီးစောကျော်သက် ဦးဆောင်သည့် ဒီကေဘီအေ(၉၀၂)တပ်ရင်းသည်လည်း ယခင်အတိုင်း မြ၀တီမြို့အနှံ့ တွင် အင်အား ၃၀၀ခန့် တပ်ဖြန့်ထားဆဲဖြစ်သည်ဟု သိရသည်။

အောက်တိုဘာလ ၁၆ရက်နေ့ညက ကော့ကရိတ်မြို့အရှေ့ဖက် ရွှေနတ်တောင် ဘုန်းကြီးကျောင်းသို့သွားရာလမ်းရှိ သစ်သား တံတားပေါ်တွင် နအဖ စစ်ကားတစ်စီး ဆွဲမိုင်းထိမှန်ကာ ကားမှာပျက်စီးသွားပြီး စစ်သားအနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။


သတင်း KIC

Monday, October 18, 2010

ရဲ့မွန်တပ် ကကကြီးညွှန်ကြားချက်ကိုဆန့် ကျင်

၇န်ကုန်တိုင်းတပ်
အထူးသတင်း

၂၀၁၀ ရွေးကောက်ပွဲတွင်း ကြံ့ ခိုင်ဖွင့်ဖြိုးရေး အနိုင်ရ ရေးအတွတ် ကကကြီး ရဲညွှန်ကြားချက် အမိန် ပေးလာချင်းကို ။ ရဲမွန် တပ် မြို့  အခြေစိုက် ခမရ (၂၁၄) တပ်မှုးတပ်သားတွေ လက်မခံကြောင်း ။ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ။အကျဉ်ထောင်ကျ ရောက် နေသော် နိုင်ငံရေးအကျဉ်သား မလွတ်ပေး
သော်ကြောင့် ။ ရွေးကောက်ပွဲကို ပြတ်သားစွာ ဆန့် ကျင် လိုက်ပြီး ။ အခြား ရဲမွန်တပ်ရင်း (၈) မှများပြား သော် အင်အားများ မှာ နေပြည်တော် လုပ်ရပ်ကိုဆန့် ကျင် နေကြောင်းကြားသိရသည်။။

ရွေးကောက်ပွဲ ကို ဆန့် ကျင်နေသော် အတိုတ်အခံ အင်အားစုများ ဖြစ်သော် NCGUB ,NCUB,DAB,NDF,ENC,DPNS, NLD LA ,ှ ရွေးကောက်ပွဲကို လက်မခံသော် တပ်မတော်သားများ အားပေးထောက်ခံ ကြိုဆိုသင်ပေ သည်။
ပြည်သူဖက်ရပ်တည်သော် တပ်မတော်သားများကိုကြိုဆို အရေးကြီးသော်အချိန်ကြ နေပြီး။။။


တပ်မတော်မှာ နိုင်ငံရေးသမားတွေလို ၀ုတ်နိုး နိုးဝုတ် ။မူ တူတယ် လူမတူဘူး ။ မဲပေးမယ် ကြားနေမယ် မဲမပေးဘူး မသိဘူး နားမလယ်ဘူး ဘယ်သူ မဲပေးရမှန်မသိဘူး ။ လုပ်လိုလုပ်ရမလဲ မသိဘူး ဆိုတာ တပ်မတော် လက်နက်ကိုင်မှာ နိုင်ငံရေးသမားတွေလို မရှိဘူး ရဲဘော်တိုင်းမှာ ပြတ်သားတဲ့ ဆုံးဖြတ်ချတ် ရှိပြီးသား ။ ။။

သတင်း အေမင်

ငါတို့ အားလုံးရဲ့ ကျောင်းသားခေါင်ဆောင် ကိုမင်းကိုနိုင်


င်္ဒီနေဟာ ကျောင်းသားခေါင်ဆောင်း ကိုမင်းကိုနိုင်ရဲ့ ၄၈ နှစ်မွေးနေ့ ဖြစ်ပါတယ် ။၁၉၈၈ ခုနစ်က စတင်ပြီး ကျောင်းသားထု တခုလုံး စုစည်းကား အမိမြေလွှတ်မြောက်ရေးအတွတ် အမှန်တရားဖက်က ရပ်တည် ပြီး သူရဲဘ၀ ကို သူရဲ နှသား သူရဲ သာယာပျော်ရွင်မှု နှစ်ပေါင်းများစွာ ဘ၀ကို ခက်ခဲကြမ်းတမ်တဲ့ ခါသီး တဲ့ နေရက်ပေါင်းများစွာ အကျဉ်ထောင်ထဲမှာ အထီးကျန်စွာ ဖြတ်သန်းနေပါတယ်။ ကျွန်တော်အမြင် အရ ပြော၇မယ်ဆိုရင် မိဘပြည်သူတွေရဲ့ ဘ၀ ကို စာနာနားလည်တယ်။ တိုင်ပြ ည်မှာ ဆင်းရဲတွင်း နက်နေတာ ။ မတရာ ရက်စက်မှူတွေ ကို ဖိနှိပ်မခံ၇ပြီး အမတန်မှ ကိုယ်နိုင်ငံသားအချင်းချင်းကို ကို ရက်ရက်စက်စက် စစ်ကျွှန်ပြု ခံနေရတာ ကိုခေါင်းငုတ်မခံဘူး အမှန်တရာဖက်က နေတိုတ်ပွဲဝင်တောင်းဆိုနေတယ် နေခြင်းဖြစ်တယ် ။တိုင်ပြည်နဲ့  လူထူအပေါ်မှာ မှန်ကန်တဲ့ စေတနာနဲ့  ရိုးသားဖြုစင်တဲ့ စိတ်ရင် စေတနာ ။ ရဲရင်တဲ့ ကျွှန်တော်တို့  သူရဲကောင်း ဖြစ်တယ် လို ယုံကြည်တယ်။ သူဘာေ ပြာခဲ့တဲ့စကား ၈၈ အရေးအခင်း မှာ ကျောင်းသားတွေရဲ့  အခု အောင်မြင်မှုဟာ ကျောင်းသားတွေရဲ ကောင်မြင်မှု မဟုတ်ပါဘူး ။ကျွန်တော်တို အရှေ့ က အရေးအခင်းတွေ အများကြီးရှိတယ် ၆၂ ခုနှစ် ၇၃ ခုနှစ် အများကြီးရှိတယ်။ မိဘပြည်သူမပါခဲ့တော့ အောင်မြင်မှူ မရခဲ့ဘူး ။ ဒီတိုတ်ပွဲဟာ အဆုံးသတ် တိုတ်ပွဲ ဖြစ်တယ် သူယုံကြည်တယ် ။ ၁၉၈၈ မင်းကိုနိုင် ဗကသ ဥက္ကဌ တာဝန်ထန်းဆောင်စဉ် ကျွန်တော် ကျဆုံးကောင်း ကျ ဆုံးပါလိမ်မယ် ဒီတိုတ်ပွဲမှာ ဒါ ပေမဲ့ မင်းကိုနိုင်တွေမြောက်များစွာပေါ်လာလိမ်မယ်။၁၉၈၈ ဗကသ ဥက္ကဌ ဖြစ်ခဲ့စဉ်ပြောသွားခဲ့တယ် ။ ကျဉ် ထောင် လမ်မပေါ် စစ်မြေပြင် ။ မှ သက်သွေး ချွေး ပေးဆပ် စွန် လွှတ်သွားသော် ရဲများနှင်အတူ ကျွနုပ်နှင့်အတူ တိုတ်ပွဲဝင် ကျဆုံးသွား သော် ရဲဘော်များခေါ င်းဆောင်များ လေးစားဦ ညွှတ်လျှက် သင်တို ၏စွန်လွတ်မှု အတိုင်းပေးဆပ် ပေးဆပ်ပါရစေ။။ ၈၈တိုတ်ပွဲ မပြီးဆုံးသေးသော်တိုတ်ပွဲအား အဆုံးသတ်တိုတ်ပွဲဝင်ရန် အလေးအနက်တိုင်တည်ပါ၏။။။။



သတင်း အေမင်


SSA တောင်ပိုင်းတပ်ဖွဲ့ကို ၂၄ နာရီစောင့်ကြည့်ရန်ဒေသခံများအား နအဖတပ် ညွှန်ကြား

SSA တောင်ပိုင်းတပ်ဖွဲ့ကို ၂၄ နာရီစောင့်ကြည့်ရန်ဒေသခံများအား နအဖတပ် ညွှန်ကြား


သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ဒေသခံများအား အာဏာပိုင်များက SSA တောင်ပိုင်းတပ်ဖွဲ့ကို ၂၄ နာရီစောင့်ကြည့်ပြီး သတင်းပေးပို့ရန် ညွှန်ကြားထားကြောင်း နယ်စပ်သတင်းများအရသိရှိရပါသည်။

“SSA တောင်ပိုင်းတပ်ဖွဲ့လှုပ်ရှားသွားလာနေတာတွေ ၂၄ နာရီစောင့်ကြည့်ခိုင်းထားတယ်။ သတင်းရရင် သုံးရက်နောက်မကျ စေဘဲ ပေးပို့ခိုင်းထားတယ်” ဟု မိုင်းတုံဒေသခံတစ်ဦးကပြောပါသည်။

အောက်တိုဘာ ၁၆ ရက်ည မိုင်းတုံမြို့အနီးရှိ ၀မ့်မိုင်ဟွေဆိုင်းကျေးရွာမှ ရွာသား ၁၂ ဦးနှင့် မိုင်းတုံသား ၄ ဦးတို့အား SSA တောင်ပိုင်းက စစ်သားသစ်အဖြစ်ခေါ်ဆောင်သွားသည်ဟုဆိုသည့်သတင်းထွက်ရှိပြီးနောက် ထိုကဲ့သို့ညွှန်ကြား ထားခြင်းဖြစ်သည်ဟုဆို၏။

SSA တောင်ပိုင်းတပ်သား

“SSA တောင်ပိုင်း တပ်သားသစ်စုဆောင်းနေလို့ ရွာသူရွာသားတွေလဲ ကျားဖြူပါတီကို အားမပေးကြတော့ဘူး။ ကျားဖြူကို ဘယ်သူမှမဲမပေးနဲ့။ ပြည်ခိုင်ဖြိုးကိုဘဲ မဲပေးဖို့ပြောနေကြတယ်” ဟု အဆိုပါဒေသခံက ဆက်လက်ပြောပါ သည်။

SSA တောင်ပိုင်းတပ်သားသစ်စုဆောင်းနေသောကြောင့် မိုင်းတုံဘက်သို့ ကျားဖြူပါတီစည်းရုံးရေးဆင်းရန် ခက်ခဲနေ ကြောင်း မိုင်းတုံကျားဖြူပါတီဝင်တစ်ဦးက ဤကဲ့သို့ပြောပါသည်။

“ကျားဖြူပါတီက SSA တောင်ပိုင်းနဲ့ ဘာမှလုံးဝမပတ်သက်ပါဘူး။ ဒါပေမဲ့ SSA တောင်ပိုင်းတပ်သားသစ်စုဆောင်းတဲ့ ကိစ္စ ကြောင့် ဒေသခံတွေလဲ ကျနော်တို့ကိုအားပေးထောက်ခံမှုမရှိတော့ဘူး။ ၀ါးလုံးရှည်နဲ့ရမ်းတော့ ကျနော်တို့လဲ မိုင်းတုံဘက် သွားစည်းရုံးဖို့ ခက်နေတယ်။ စည်းရုံးရေးတွေရပ်ထားရတယ်”


SSA တောင်ပိုင်းပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးလောဝ်ဆိုင်က “ကျားဖြူပါတီနဲ့လဲ ဘာမှမပတ်သက်ဘူး။ ကျနော်တို့ပေါ်လစီရှိ တဲ့ အတိုင်းလုပ်တာ။ တပ်သားသစ်စုဆောင်းမယ်ဆိုတာလဲ ရပ်ရွာအကြီးအကဲတွေကို ကြိုတင်အကြောင်း ကြားထားပြီးသား။ ဘာမှအကြောင်းမပြန်လာတော့ သွားခေါ်လာပြီးမေးမြန်းတာပါ။ ဖမ်းဆီးချုပ်နှောင်တာတွေ မလုပ်ပါ ဘူး” ဟုပြောပါသည်။

SSA တောင်ပိုင်းက ပုံပါကျင်မြို့စွန်ပိုင်းရှိ ရွာတစ်ရွာမှရွာသားသုံးဦးအားခေါ်ဆောင်သွားခဲ့ကြောင်း BBC သတင်းဌါနက လည်း အောက်တိုဘာ ၁၅ ရက်၌ ထုတ်လွှင့်ခဲ့သေးသည်။


သတင်း သျှမ်သတင်းစဉ်

Sunday, October 17, 2010

စစ်တပ်အတွင်း သတင်းထူး




သတင်းထူး

အောက်တိုလာလ ၁၁ရက်နေ့က ပဲခူးမြို့ ကျောက်တိုင်ကန် အခြေစိုက် တပ်မ ၇၇ လက်အောက် ခံ ခမရ (၈)က ရွေကောက်ပွဲကို လက်မခံ ကြောင်းကြားသိ ရ ပြီး ရဲဘော်များအားလုံး နှင့် တပ်ရင်းမှူးအပါအ၀င် အခြားတပ်ရင်း
တပ်မ (၇၇) လက်အောက်ခံ ခမရ (၁၀၁) ခမရ (၁၀၅) ခမရ (၁၀၆) မှာ တပ်သားအားလုံး ၏ တူညီသော် သဘော်ထားများနှင့် ဗျူဟာမှုးမှ တဆင် နေပြည်တော်စစ်ရုံးချုပ်ထိ အထက်ပါ တပ်မ (၇၇) လက်အောက်ခံတပ်ရင်းများ ဆန့် ကျင်ကန့် ကွပ်ကြောင်း တင်ပြချက်ကို ထုတ်ဖေါ် ထားသည် ။ အထက်ပါ တပ်မှုးတပ်သား အပေါင်း အား မိဘပြည်များ။ ရဟန်ရှင်လူများအားပေးထောက်ခံသင့် သည်။

သတင်း အေမင်

Friday, October 15, 2010

တပ်မတော်သားများ ဗိုလ်ချုပ်အောင်ဆန်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံလိုက်ပြီး
















အထူ:သတင်း

အနောက် တောင်ပိုင်း ခြေလျှင်တပ်ရင်း (၁၈ ) တပ်မတော်သားများ နှုင့်မိသားစုများ ကျန်ရှိသော် တပ်မတော် သားအားလုံးနှစ်အတူ ။ တပ်မတော်ခေါင်းဆောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ သမီး လူထုခေါင်းဆောင်း ဒေါ်အောင်ဆန်းစု သမီး အား ပြတ်သားစွာရပ်တည်လိုက်ပြီး။ ပြည်သူလူထု လိုလားသော်ငြိမ်ချမ်းရေး တပ်မတော်သားများပါဝင်ပူပေါင်းနေပြီး ။ ဗမာတပ်မတော် ခလရ တပ်ရင်း ၁၈ တိုင်ပြည်ငြီမ်ချမ် ရေး ပြတ်ပြတ်သားသား ထောက်ခံလိုက်တဲ့အတွတ် ။ အမတန်မှ ၀မ်သာ၇ပါတယ်
မတရား ရက်စက်ပြီး တိုင်းပြည်ကို မတရားဆက်လက်အုပ်ချုပ်ဖ့ို လုပ်ရပ် ကို ဗမာတပ်မတော်သားများ ဆန့်ကျင်သပိတ်မှောက်နေပြီး ။ ပြည်တွင်းပြည်ပ နိုင်ငံတကာမှ ဒီမိုကရေးစီ အင်အားစုပြည်များဝိုင်းဝန်းထောက်ခံပါ ။ အဖွဲအစည်း သံဃာတပ်ပေါင်းစု ။ NCGUB ,NCUB,DAB,NDF,ENC , NLD LA အထက်ပါ တောင်းဆိုမှုကို သတင်းမီဒီယာက နေ ပြည်သူများ တပ်မတော်သားများ။တိုင်းရင်းသားချစ်ညီအကိုယ်တွေအားလုံး ကြားသိအောင် အဖွဲစည်အသီးသီး ထောက်ခံ ချက်များကို ထုတ်ဖော်ပေးရန် ရေးကြီးသော် အချိန်ကြနေပြီး လေးစားစွာဖော်ပြလိုက်ပါတယ်။

အခက်အခဲများကြား ဒေါ်အောင်ဆန်ုးစုကြည်နှင် ပြည်သူဖက်က ရပ်တည်သော် တပ်မတော် သားများကို ကြိုဆိုကြပါ ၀ိုင်းဝန်းထောက်ခံ အားပေးကြပါ ။ ကျန်ရှိနေသော် နေပြည်တော်နှင် တိုင်းတပ်မ ရဲဘော်များ အလုံး

ငါနိုင်ငံ ငါလူမျိုး ငါနိုင်ငံ ကို ငါပြည်သူငါ လူမျို ငါခေါင်းဆောင် အနာဂါတ်တွင်တည်ငြီမ်အေးချမ်းသော် တိုင်ပြည်တည်ဆောက်ရေး ၀ိုင်ဝန်ပါဝင်ထောက်ခံပေးကြပါ ။။

သတင်း အေမင်း

မီဒီယာ WAR ကို စတင်ထိုးစစ်ဆင်နေပြီး ကချင်တပ် နှင့် ပြည်သူကို အထင်လွဲအောင် ကြံစည်းနေခြင်း

ုသတင်းတွေရ တယ် မတရားသတင်းတွေ ရေးပြီး မတရားသတင်းထုတ်လွင်ဖို အစီအစဉ်း တွေက နေပြည်တော်ညွှန်ကြားချက်ပဲ သတင်းနှင့်ပြန်ကြားရေး ကျော်စန်း ဒင်တို့ မဟုတ်မမှန် သတင်းလွင်တယ်ဆို ပြည်သူတွေ သိနေတယ် ။ ဒီသတင်း ဟုတ်မှန်တဲ့ သတင်း ဖြစ်ကြောင်း ပြောရင်တောင် မယုံဘူး ။ကဲ ၂၀၀၈ မှာ မြ၀တီကို MR ကင်တာနားလာပြီး တိုင်းရင်းသားတွေနဲ့ ဆွေးနွေမယ်လုပ် တုန် မြ၀တီမြို ကို MR ကင်တားနားမလာခင် 107 ဒုံးကျည်တွေ ပစ်တယ် ခေတ် ခံရတယ်ဆို ပြီးတော ဟိုလူကို စွပ်စွဲ ဒီလူကိုစွပ်စွဲ လူဘောင်သစ် ။ NCGUB /ENC ဘယ်အဖွဲ့ မှ စစ်တိုတ်တာမရှိဘူး ။ လူဘောင်သစ်ဆိုရင် ဆို ရင်မြေ အောက် လက်နက်ကိုင်လုပ်ဖို ရာ၂၂ မြောက် မှာထုတ်ပြောတယ် ရွှေးကောက်ပွဲပြီးမှဆိုပဲ ။အားလုံး ကပြောတယ် နိုင်ငံရေးကို နိုင်ငံရေးနည် အရဖြေရှင်းရမယ်ပြောဆိုနေပါတယ်။ စစ်လက်နက်တွေကို သေချာကြည်လိုက်တော့ လက်နက် ရှရုားလုပ်ဆိုပဲ ။ဘယ်တော်လှန်ရေးအဖွဲ့  အဖွဲအစည်းက ၀ယ် ပြီး အသုံးပြုတာ တစ်ခါမှမ တွေမိသေးဘူး။ အခုချိန်ထိ အဲ့ဒီသတင်းတွေရှင်းပြတာရှိလား DKBA တပ်ဖွဲ့ မြ၀တီ သိမ်ထားဘယ် နှစ်ရက်ရှိပြီးလဲ ။ စစ်တိုင်းမှူးအမိန် နဲ့ ရဲက DKBA အဖွဲ ကားတွေ ဖမ်းဆီးလို ။ DKBA ဒမြ တွေ ရဲစခန်းကို ၀ိုင်းတဲ့သတင်း ပြည်သူတွေမသိရသေးဘူး။ မင်းတို မမှန်တာ မဟုတ်တာရေးနေတယ် နိုင်ငံတာကာ သိနေတယ်
ဆိုကြပါစို ။ ဒီလိုဆို ရင် ရဲချူပ် ခင် ရီ ကို မကြာခင်မှာ တာဝန်ပြောင်း ပေးရမယ် အင်းစိန်အကျဉ်ဦးစီးထာဌာနကို ပို ရမယ် မြ၀တီက ရဲစခန်း DKBA ဒမြ တွေ ၀ိုင်းတယ်ဆိုတော သတင်းရရဲ့သားနဲ့ ဒီပြသာနာနဲ့ရှင်းရှင်းနေတယ်
သတင်းလဲမထုတ်ပြန်ဘူး ဟုတ်မှန်သတင်းတွေရှိရင် ကဲ လူထုကသိနေပြီး ။ ၇ဲဘော်တွေစုကြေးငွေ တောင်းခံတယ် ။စားစရာမလုံလောက်လို အဲသတင်း ပြောသံကြားရတော ။နေပြည်တော်။ဗိုလ်ချုပ်မှူကြီးမီသားစု သန်း၅၀၀ စင်ကာပူဘဏ် ကနေ တရုတ် ဘေးဂျင်ကို သယ်သွားတယ် သားသမီးတွေရှေ့ရေးအတွတ် စီပွားရေးလုပ်ဖိုဆို။
အဲဒီသတင်း သတင်းစာထဲမှာလူထုသိအောင် ရှင်းပြသင့်တယ်။




သတင်း အေမင်

အိမ်ရှေမှာ တံခါး ကို ဖွဖွခေါက်ကာ လမိုက်ည ရဲ့ အို့ 

ကေအိုင်အို ဒုဥက္ကဋ္ဌ အိမ် ဧည့်စာရင်းဝင်စစ်


ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လအောင်အိမ်ကို ယနေ့ မနက်က ရဲက ရုတ်တရက် ဝင်စစ်ကြောင်း ဒေသခံများက ပြောသည်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ဒုဗိုလ်ချုပ်ကြီး အင်ဘန်လအောင်အိမ်ကို နံနက် ၂ နာရီခန့်က အမှတ် ၁ ရဲစခန်းမှ ရဲအုပ် စိုးမင်းဦး ခေါင်းဆောင်သော ၄ ဦးနှင့် ရာအိမ်မှူး ဦးရှနန်ဇော်လတ်တို့ ရောက်ရှိလာပြီး ၁ နာရီခန့်ကြာ စစ်ဆေးခဲ့သည်။

“ဧည့်စာရင်းစစ်တယ်ဆိုပြီး ဝင်လာတယ်၊ အိပ်နေတဲ့
Lt-Gen.-Nban-La

BGF အသွင်ပြောင်းရေး လက်မခံသည့် ဒုဗိုလ်ချုပ်ကြီး အင်ဘန်လအောင်အိမ်အား ရဲများဧည့်စာရင်းစစ်အမည်ဖြင့် ဝင်ရောက်စစ်ဆေး

အိမ်သား အကုန်လုံးကို နိုးပြီးတော့ စုထိုင်ခိုင်းတယ်။ အရင် ပေးထားတဲ့ စာရင်းနဲ့ တူမတူ စစ်ဆေးကြည့်တယ်။ မိသားစုအကြောင်းတွေ မေးတယ်”ဟု အိမ်နီးချင်းတဦးက မဇ္ဈိမကိုပြောသည်။

ကချင်စစ်တပ်ဒုဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး အင်ဘန်လအောင်အိမ်တွင် မိဘမဲ့ကလေး ၁ဝ ယောက်ကျော် နေထိုင်ပြီး ဆွေမျိုးဖြစ်သူ ဦးနော်အောင်က စောင့်ရှောက် ပေးနေကြောင်း သူက ပြောသည်။

အင်ဘန်လအောင်သည် စက်တင်ဘာ ၃ ရက်က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး လက်မခံကြောင်း လိုင်ဇာမြို့ လူထု စည်းဝေးပွဲတွင် ဟောပြောခဲ့သည်။

လက်ရှိ ကေအိုင်အိုနှင့် စစ်အစိုးရအကြား ဆက်ဆံရေး ပြတ်တောက်နေချိန် မနေ့ကလည်း တနိုင်းမြို့ ကေအိုင်အို ဆက်ဆံရေးရုံးကို ယခုလကုန် နောက်ဆုံးထား ပြောင်းရန် မယကဥက္ကဋ္ဌက ညွှန်ကြားလိုက်သည်။

ထို့ပြင် မြစ်ကြီးနားဆက်ဆံရေးရုံးနှင့် ကေအိုင်အိုအဖွဲ့ဝင်များ နေအိမ်ဝန်းကျင်တွင်လည်း ရဲက စောင့်ကြည့်နေသည်ဟု ကချင်အဖွဲ့ဝင်များက ပြောသည်။


သတင်း ချင်းမိုင်(မဇ္စျိမ)

Thursday, October 14, 2010

ရန်သူထိုးစစ် ၇ှမ်မြောက်ကို စတင်ရင် UWSA မှစစ်ကူပေးမည်

















၇န်သူကောင်ဘွိုင်ကားတန်း



စစ်မြေပြင်သတင်း ရှမ်မြောက် စစ်ရေး အခြေအနေ။ ရန်သူစစ်ရေးသတင်း
ပြီးခဲ့တဲ့ လအတွင်းက နအဖ တပ်တွေနဲ့ SSA- N အကြား ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် SSA ရဲ့လှုပ်ရှား နယ်မြေတွေ ဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်၊ သီပေါမြို့နယ်အတွင်းက စိန်ကျော့ဒေသ၊ ဝမ်ဟိုင်းဒေသတွေကို နအဖဘက်က စစ်တပ်အင်အား ထပ်မံတိုးချဲ့ထားခဲ့ပါတယ်။

စစ်မြေပြင် သတင်းများအရ ဒေသ စစ်ဆင်ရေးနှင့် စစ်မြေပြင် ကွပ်ကဲရေး တပ်များ များ ထောက်ပို့ ယတာရားတပ်
အမြောက် နှင် သံချပ်ကာတပ်များ မြေပြင်ထိုးစစ် တိုတ်ပွဲဝင် တိုတ်ခိုက်ရေးတပ် အားလုံး ဗျူဟာအမိန်က စောင်ဆိုင်နေကြောင်း ။ တမ်မ ၇၇ နှင့် တမ်မ ၉၉ အနီကပ်တွင်ရှိနေပြီး စစ်မြေပြင် ခြေလျှင်တပ်များကို အဓိကသုံးချ မည်ဖြစ်ပြီး လိုအပ် လေကြောင်း ထိုးစစ်ပါ ပူပေါင်းဆင်နွဲ သွားရန် ဖြစ်ပြီး အဓိကပန်ဆန်း ဒေသ သိမ်ပိုက်ရန် ဗျူဟာမှုးများသည် အထက်မှာ စစ်တိုင်းတမ်မ မှုးများ၏ အမိန့် ကိုစောင်ဆိုင်းနေခြင်း ။ တိုင်းတပ်မ များ။နိုင်ငံတော် စီမံချက်နှင့် နိုင်ငံတော်စစ်ကောင်စီဝင်များ တနည်ပြောရရင် ကကကြီး တပ်ရိုတ် ညွှန်ကြားချက် များ စောင်ဆိုင်းနေခြင်းဖြစ်ကြောင်း သိ ရှိ ရပြီး နေပြည်တော်ညွှန်ကြားချက် မှာ လူမျိုးစုနင့် မူယစ်ဆေးဝါး ၀သပ အဖွဲ့  တချိန်က ဗကပ မှ တရုတ်စစ်ရေး အကူအညီဖြင့် ၇ပ်တည်နေခြင်း ဖြစ်ပြီး နယ်စပ်ဒေသတွင် မူယစ်ဆေးဝါးများဖြင့် လွမ်မိုးထားပြီး ရပ်တည်နေခြင်းကိုသိရှိနေပြီးဖြစ်သည်။ မကြာသောအချိန်အတွင်း တရုတ်ကွန်မြုနစ် အစိုးရ နှင် နအဖ စစ်အုပ်စုအဖွဲများ ဘေဂျင်းတွင် စစ်ဆင်း များကို အဓိကမဆွေးနွေးပဲ တရုတ်အစိုး အခက်အခဲနှင် အကြပ်အတဲရှိခါ ပူပန်နေရသော်စွမ်အင်လောင်စာ စီပွားရေး ဆက်သွယ်ရေး စစ်ရေးမဟာဗျုပာာ တရုတ်ပြည်လုံ ခြုံ ရေး ရရှိဖိုအတွတ် ဖြစ်နေသော် လိုအပ်သော် နယ်စပ်ဒေသ ထိုးစစ်များပြုလုပ်ရန် နှစ်နိုင်ငံသဘော တူညီချက်များ ရယူပြီး ဖြစ်ကြောင်း သိရှိ၇ပါသည်။
တပ်မ ၇၇ တပ်မ ၉၉ တပ်မ ၈၈ တပ်မ ၅၅ ဗကပ ကို အချိန်က ရေးနှိပ်အောင်ချေမှုန်နိုင်သော် တပ်များ ဖြစ်သည် ။ ၁၉၈၅ ခုနစ် ၀န်ကျင်း ကြီးမားသောစစ်ပွဲများဖြစ်ပွားခဲ့သည်။ ယခု ရှမ်မြောက် SSA N တပ်မဟာ (၁) ဒေသ စစ်ပွဲများစတင်နေ ပြီး UWSA မှ စစ်ကူပေးရန်အဆင်သင်ရှိနေပြီး အင်အားနှင် စစ်လက်နက် ထောက်ပံ့ရန်အသင်ရှိနေပြီး ဖြစ်သည် နယ်ခြားစောင်တပ်ကို လက်မခံသော် အဖွဲ့  များပူပေါင်းတပ်ပေါ်င်းစုဖွဲထားခြင်း ဖြစ်ပြီး အဖွဲတခုအားတိုက်ခိုက်လာပါက အားလုံး ရန်သူကို ပြန်တိုတ်မည် ကတိပေးထားကြသည် ။။။။ သိုသော်လဲ ဖုန်ကြား ရှင်အဖွဲ ချေမှုန်ခံလိုက်ရသည် ဟုတ်ပါတယ် ၀သပ တပ် ခေါင်းဆောင်း ကိုးကန်တရုပ်လုမျိုးများ သည် ပန်ဆန်း အမိန်ကို စောင့်နေကြောင်း အဲ့ဒီ ၀သပ နန်တင်ချောင်းတံတား နှစ်ခုကို ဖေါ့က်ခွဲဖျက်ဆီး သွားပြီင်္းဖြစ်သည်။ သိုသော် ပန်ဆန်ဌာနချုပ် စစ်ဦးစီချုပ် အမိန်မရလာ ရန်သူထိုးစစ်ကို ငုတ်တုတ်ထိုင်စောင်ကြည့်ရသော် အဖြစ်နှစ်ကြုံရသည်။ အဘယ်ကြောင့် ဆိုသော် နေပြည် မှ ဗိုလ်ချုပ်များသည် ဘေဂျင်သို့  ကြောင်းကြားထားပြီးဖြစ်သည် ။ ယူနန် ပြည်နယ် အစိုးရ ခွင်ပြုချက်မရသော်ကြောင့် ။ စစ်ပွဲ အလွယ်တကုကျဆုံးခဲ့ပြီး မူယစ်ဆေးဝါး ခေါင်းဆောင်ဖုန်ကျားရှင်လဲ ပန်ဆန်းသို့ ထွတ်ပြေးခိုလု့ံ့နေရသည်။ တရုတ်ပြည်အစိုးရ မှသိပေးပြီး ။ ဒေါ်လှကျော်ဇော်လဲ ထုတ်ဖော်ပြောဆိုခဲ့သည် မူယစ်ဆေးဝါး အဖွဲဟု ခေါ်ဆိုခဲ့သည်။

နေပြည်တော်မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မှ ဘေဂျင်တရုတ်အစိုရ အား အကြောင်းကြားထားပြီး ။ဘေဂျင်း လိုအပ်သော် GAS ပိုက်လိုင်းအား လုံ ခြုံမှုရှိရန် အကြောင်းပြပြီး မူယစ်ဆေးဝါ အဖွဲ့  ပန်ဆန်းဌာချုပ်အား ထိုးစစ်ဆင်ရန်မလွဲပါ ။မကြာမီအချိန်အတွင်းစတင်နိုင် သည်။

သတင်း အေမင်